ပရိသတ်ကြီးရေ အလှမယ်ဟောင်း မင်းသမီးချော မိုးယုစံကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ မိုးယုစံကတော့ အနုပညာလောကမှာ အလှမယ်အနေနဲ့ စတင်ခဲ့ပြီး မင်းသမီးတစ်လက်အဖြစ်နဲ့ပါ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်နော်.မင်းသမီးတစ်လက်အနေနဲ့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့သူပါ.။ အလှမ်းဝေးနေပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ အားပေးချစ်ခင်ကြဆဲဖြစ်ပြီး မိုးယုကလည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါနော်.။
ခင်ပွန်းဖြစ်သူရဲ့ ကြင်နာမှု၊ မိဘတွေရဲ့ ချစ်ခင်မှုနဲ့အတူ သားကြီးရဲ့ ချစ်စဖွယ် ကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ဒုတိယမြောက် သားလေးကိုယ်ဝန်ကို လွယ်ထားရသူ မိုးယုကတော့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရသူလို့ ဆိုရမှာပါနော်.။ နိုဝင်ဘာလ (၂၆)ရက်နေ့မှာတော့ မိုးယုက ချစ်ခင်ပွန်းဖြစ်သူရဲ့ ကိုယ်ဝန်ဆောင်နေသူ သူမအတွက် ထမင်းကြော်လေး ကြော်ကြွေးတဲ့ ပုံရိပ်လေးကို “ချစ်ချစ် ကြော်ကျွေးတဲ့ ထမင်းကြော် စားကောင်းလို့မှတ်တမ်းတင်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
မိုးယုလေးကတော့ ဒုတိယမြောက်ကိုယ်ဝန်လေးကို လွယ်ထားရင်းနဲ့မှ ပိုပြီး ပျော်ရွှင်မှုတွေကို ရရှိပိုင်ဆိုင်နေတဲ့ပုံပါပဲနော်.ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Moe Yu San’s Facebook
zawgyi