ဒုတိယ မိသားစုတွေဖြစ်တဲ့ နေ တိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းတို့နဲ့ မွေးနေ့ည စာစားပွဲလေးကို ကျင်းပခဲ့တဲ့ ရဲလေး

Posted on

အဆိုတော်တစ်ယောက် လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ရဲလေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကပဲ အသက် (၃၇) နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ရဲလေးက အသက်တစ်နှစ်ကြီးလာတဲ့နေ့မှာ ပရိသတ်တွေအတွက် သူ့ရဲ့ သီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သလို ချစ်ခင်ရသူတွေနဲ့လည်း အမှတ်တရတွေများစွာ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲလေးက သူ့ရဲ့ မွေးနေ့မှာ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေဆီက မွန်မြတ်လှတဲ့ မွေးနေ့ဆုမွန်ကောင်းတွေရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၂) ရက်နေ့မှာတော့ ရဲလေးရဲ့ ဒုတိယမိသားစုလို့ တင်စားရမယ့် နှင်းဆီမိသားစုတွေဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းတို့နဲ့ ရဲလေးက သူ့ရဲ့ မွေးနေ့လေးကို ထပ်မံကျင်းပခဲ့ပါတယ်။ ရဲလေးက နှင်းဆီအစ်ကိုတွေဖြစ် တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းတို့နဲ့သာမက သူတို့မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံပြီး မွေးနေ့ကိတ်ခွဲ၊ ညစာအတူစားသောက်ကြရင်း ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နှင်းဆီညီအစ်ကိုတွေကတော့ အခါကြီးရက်ကြီးတွေနဲ့ အဖွဲ့သားတွေရဲ့ မွေးနေ့တိုင်းမှာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို အတူတူဖန်တီးလေ့ရှိတာ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလို့တောင် ဆိုနိုင်ပါတယ်။ ပရိသတ်ကြီးလည်း ရဲလေးတို့ရဲ့ အမှတ်တရတွေကိုကြည့်ပြီး ကျေနပ် ကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htin Aung Tun’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.