ဒီေန့ဒီအခ်ိန္ဒီေခတ္ႀကီးမွာ ေယာက္်ားပုိင္းလံုးေတြ ေပါလာတယ္ဆိုတာကုိ သက္ေသျပလုိက္တဲ့အျဖစ္ ျဖစ္စဥ္မွာ —

Posted on

သိန္းဆုေတြေပါက္ၿပီး အေမရိကားေရာက္ပါေစတဲ့။ သီခ်င္းဆိုၿပိဳင္ပြဲမွာ အဆိုေတာ္ေကာင္မေလးရဲ႕ ဆုေတာင္းသံကို ႀကားေတာ့ နယူးေယာက္ဘက္က ေကာင္ေလးတေယာက္ကို သြားသတိယမိတယ္။ သူက တကယ့္ကို အလုပ္ႀကိဳးစားရွာပါတယ္။ တေနကုန္လုပ္ၿပီးတာေတာင္မွ ညေရာက္ရင္ တကၠစီ ေၿပးဆြဲလိုက္ေသးတယ္။

သူမ်ားေတြ အိပ္တဲ့ အခ်ိန္မွာ မအိပ္ႏိုင္ဘူး။ ေအးစက္ေနတဲ့ ႏွင္းေတြ ထဲမွာ ကားေမာင္းလိုက္၊ အိမ္က မိန္းမဆီ ဖံုးဆက္လိုက္နဲ႕။ နားရက္လဲ ယူတာ မဟုတ္ဘူး။ တကယ္ေတာ့ သူက သေဘၤာသားေလ။ အေမရိကားမွာ ခုန္ဆင္းေနခဲ့တာ။ ႏိုင္ငံေရးခိုလံႈခြင့္ေလွ်ာက္တယ္။ မိန္းမ နဲ႕ သမီးေလးက ၿမန္မာၿပည္မွာ က်န္ခဲ့ေတာ့၊ ခ်မ္းခ်မ္းသာသာ ထားခ်င္တယ္။ အခ်ိန္တန္ရင္ အေမရိကားကို ေခၚမယ္ေပါ့။ ဒီလိုနဲ႕ ႀကိဳးစားလာလိုက္တာ တရက္ေတာ့၊ သူ႕မွာ ၿဖစ္ေပၚေနတဲ့ သံသယကို ရင္ဖြင့္တယ္။

“ အကိုရာ၊အခုေနာက္ပိုင္း မိန္းမ ဆီ က်ေနာ္ဖံုးဆက္တိုင္း အိမ္မွာ ကေလးငိုသံႀကားတယ္ဗ်၊ ေမးတဲ့အခါတိုင္း သူ႕ညီမ ကေလးေမြးၿပီး အိမ္မွာ လာေနေနတာ တဲ့။ ဒါေပမယ့္ ညီက ေခ်ာ့မသိပ္ပဲ သူပဲ စိုးရိမ္တႀကီး ေခ်ာ့သိပ္ေနတာ” တဲ့။ ေကာင္ေလးက အဲ့ဒီႏွစ္မွာပဲ ႏိုင္ငံေရးခိုလႈံခြင့္ရတယ္။ တရားဝင္ ေနထိုင္ခြင့္ ( permanent Resident ) ရၿပီ း တႏွစ္ႀကာရင္ ဂရင္းကဒ္ရတယ္။ ေနာက္ (၅) ႏွစ္က်ရင္ ႏိုင္ငံသား ေလွ်ာက္ေပါ့။ ႏိုင္ငံသား ေလွ်ာက္ဖို႕ေတာင္ အခ်ိန္မရပါဘူး။ Travel Document နဲ႕ ၿမန္မာၿပည္ကို ၿပန္သြားေတာ့တယ္။ မိန္းမ လုပ္သူကို သူရွာထားသမွ်ေငြေတြ အကုန္အပ္ေပါ့။

မိန္းမ လုပ္သူက ေယာက္်ားၿပန္လာေတာ့ ဖြယ္ဖြယ္ရာရာ ခ်က္ေကြ်းခ်င္လို႕ ဆိုၿပီး ေစ်းဝယ္ထြက္သြားတယ္။ ေပၚကို မလာေတာ့ဘူး။ ရပ္ကြက္ထဲကသူေတြကလဲ သူၿပန္လာတာကို အထူးအဆန္းႀကည့္ေနႀကတယ္။ ေနာက္မွ ေဘးအိမ္က အားနာနာ နဲ႕ ေခၚေၿပာတယ္။

“ မင္းမိန္းမ ေနာက္ေယာက္်ားယူတာ သံုးႏွစ္ေလာက္ေတာင္ ရိွေနၿပီ။ ကေလးေနာက္တေယာက္ရေနၿပီေလ။ ငါတို႕က မင္းၿပန္လာေတာ့ အံ့ႀသေနတာ။ မင္းမိန္းမေၿပာေတာ့ မင္းလိုက္တဲ့ သေဘၤာပဲ ေရနစ္သြားတာလိုလိုပါကြယ္ ေၿပာရမယ္ ဆိုရင္ အခု မင္းေနေနတဲ့ အိမ္ေတာင္မွ ေရာင္းသြားၿပီးၿပီေလ” ေကာင္ေလးက လိုက္ရွာစံုစမ္းၿပီး မိန္းမခိုးမႈနဲ႕ တရားစြဲဖို႕ လုပ္တယ္။ မရပါဘူး။ ဟိုဘက္က ေကာင္ကလဲ အာဏာရွိတဲ့သူ အဝန္းအဝိုင္းက ဆိုေတာ့ အမႈႏိုင္ဖို႕ မၿဖစ္ႏိုင္။

အခုလို အင္တာနက္ေခတ္ႀကီးမွာ ပိုဆိုးတာေပါ့။ အိမ္ေထာင္ေတြ ေဝးေနတဲ့ မိန္းမေတြကို သားေကာင္ေခ်ာင္းသလို၊ ေခ်ာင္းေနတဲ့ ေယာက္်ားပိုင္းလံုးေတြ က အမ်ားႀကီးေလ။

ခရက္ဒစ္ – မူရင္းေရးသားသူ

Uniocde

ဒီခေတ်မှာ ယောက်ျားပိုင်းလုံးတွေ ပေါလာတယ်ဆိုတာကို သက်သေပြလိုက်တဲ့အဖြစ်

သိန်းဆုတွေပေါက်ပြီး အမေရိကားရောက်ပါစေတဲ့။ သီချင်းဆိုပြိုင်ပွဲမှာ အဆိုတော်ကောင်မလေးရဲ့ ဆုတောင်းသံကို ကြားတော့ နယူးယောက်ဘက်က ကောင်လေးတယောက်ကို သွားသတိယမိတယ်။ သူက တကယ့်ကို အလုပ်ကြိုးစားရှာပါတယ်။ တနေကုန်လုပ်ပြီးတာတောင်မှ ညရောက်ရင် တက္ကစီ ပြေးဆွဲလိုက်သေးတယ်။

သူများတွေ အိပ်တဲ့ အချိန်မှာ မအိပ်နိုင်ဘူး။ အေးစက်နေတဲ့ နှင်းတွေ ထဲမှာ ကားမောင်းလိုက်၊ အိမ်က မိန်းမဆီ ဖုံးဆက်လိုက်နဲ့။ နားရက်လဲ ယူတာ မဟုတ်ဘူး။ တကယ်တော့ သူက သင်္ဘောသားလေ။ အမေရိကားမှာ ခုန်ဆင်းနေခဲ့တာ။ နိုင်ငံရေးခိုလှုံခွင့်လျှောက်တယ်။ မိန်းမ နဲ့ သမီးလေးက မြန်မာပြည်မှာ ကျန်ခဲ့တော့၊ ချမ်းချမ်းသာသာ ထားချင်တယ်။ အချိန်တန်ရင် အမေရိကားကို ခေါ်မယ်ပေါ့။ ဒီလိုနဲ့ ကြိုးစားလာလိုက်တာ တရက်တော့၊ သူ့မှာ ဖြစ်ပေါ်နေတဲ့ သံသယကို ရင်ဖွင့်တယ်။

“ အကိုရာ၊အခုနောက်ပိုင်း မိန်းမ ဆီ ကျနော်ဖုံးဆက်တိုင်း အိမ်မှာ ကလေးငိုသံကြားတယ်ဗျ၊ မေးတဲ့အခါတိုင်း သူ့ညီမ ကလေးမွေးပြီး အိမ်မှာ လာနေနေတာ တဲ့။ ဒါပေမယ့် ညီက ချော့မသိပ်ပဲ သူပဲ စိုးရိမ်တကြီး ချော့သိပ်နေတာ” တဲ့။ ကောင်လေးက အဲ့ဒီနှစ်မှာပဲ နိုင်ငံရေးခိုလှုံခွင့်ရတယ်။ တရားဝင် နေထိုင်ခွင့် ( permanent Resident ) ရပြီ း တနှစ်ကြာရင် ဂရင်းကဒ်ရတယ်။ နောက် (၅) နှစ်ကျရင် နိုင်ငံသား လျှောက်ပေါ့။ နိုင်ငံသား လျှောက်ဖို့တောင် အချိန်မရပါဘူး။ Travel Document နဲ့ မြန်မာပြည်ကို ပြန်သွားတော့တယ်။ မိန်းမ လုပ်သူကို သူရှာထားသမျှငွေတွေ အကုန်အပ်ပေါ့။

မိန်းမ လုပ်သူက ယောက်ျားပြန်လာတော့ ဖွယ်ဖွယ်ရာရာ ချက်ကျွေးချင်လို့ ဆိုပြီး ဈေးဝယ်ထွက်သွားတယ်။ ပေါ်ကို မလာတော့ဘူး။ ရပ်ကွက်ထဲကသူတွေကလဲ သူပြန်လာတာကို အထူးအဆန်းကြည့်နေကြတယ်။ နောက်မှ ဘေးအိမ်က အားနာနာ နဲ့ ခေါ်ပြောတယ်။

“ မင်းမိန်းမ နောက်ယောက်ျားယူတာ သုံးနှစ်လောက်တောင် ရှိနေပြီ။ ကလေးနောက်တယောက်ရနေပြီလေ။ ငါတို့က မင်းပြန်လာတော့ အံ့သြနေတာ။ မင်းမိန်းမပြောတော့ မင်းလိုက်တဲ့ သင်္ဘောပဲ ရေနစ်သွားတာလိုလိုပါကွယ် ပြောရမယ် ဆိုရင် အခု မင်းနေနေတဲ့ အိမ်တောင်မှ ရောင်းသွားပြီးပြီလေ” ကောင်လေးက လိုက်ရှာစုံစမ်းပြီး မိန်းမခိုးမှုနဲ့ တရားစွဲဖို့ လုပ်တယ်။ မရပါဘူး။ ဟိုဘက်က ကောင်ကလဲ အာဏာရှိတဲ့သူ အဝန်းအဝိုင်းက ဆိုတော့ အမှုနိုင်ဖို့ မဖြစ်နိုင်။

အခုလို အင်တာနက်ခေတ်ကြီးမှာ ပိုဆိုးတာပေါ့။ အိမ်ထောင်တွေ ဝေးနေတဲ့ မိန်းမတွေကို သားကောင်ချောင်းသလို၊ ချောင်းနေတဲ့ ယောက်ျားပိုင်းလုံးတွေ က အများကြီးလေ။

ခရက်ဒစ် – မူရင်းရေးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.