မကြာသေးခင်က ရုပ်ရှင် Press Showတစ်ခုမှာ ဇွန်သင်ဇာ ရဲ့ ပွဲတက်ဝတ်စုံကြောင့် လူမှုကွန်ရက်ပေါ်မှာပွဲဆူခဲ့ပါတယ်။ ဒီလို ဆက်ဆီဆန်ဆန် ပွဲတက်မှုတွေအတွက် ထောက်ပြဝေဖန်လိုက်သူက သရုပ်ဆောင်ဒါရိုက်တာမင်းညီပါ ။မင်းညီက သူ့အမြင်ကို လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပြောပြထားတာပါ။
‘ဒါမျိုးဝတ်လာတာကို..ဝင်ခွင့်မပြုရင်..ဘယ်သူဝတ်တတ်မလဲ…
ငါ့..ရုပ်ရှင်..ရုံတင်ပွဲကျရင်..ဒီမိုကရေစီ အရလွတ်လပ်စွာဝတ်တာဆိုပြီး..ဝတ်လာရဲဝတ်လာကြည့်…
…
သွား…ကားပေါ်အခုပြန်တတ်လို့မောင်းထုတ်ပြီး..ကိုယ်လဲကားဒရိုင်ဘာ လုပ်ပစ်မယ်..မှတ်..
..
အဲဒီကျရင်fbပရိသတ်အပျင်းပြေစရာ..ပဲပင်ပေါက်. အမှုတခု.ထပ်တိုးတာပေါ့..နော့်…’ဆိုပြီးရေးသားထားပါတယ်။ ပရိသတ်ကြီးလည်း မင်းညီရဲ့ ရေးသားချက်အပေါ် မှတ်ချက်ကနေ အမြင်လေးတွေပြောပြခဲ့ကြပါဦး