ပရိသတ်တွေက စိုးပြည့်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ငယ်စဉ်ကတည်းက အစ်မတွေနဲ့အတူတူ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ အနုပညာသက်တမ်း နုနယ်သေးချိန်မှာပဲ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကြီးတစ်ဆုကို ပိုင်ဆိုင်ခဲ့ပြီး အကယ်ဒမီဆုရှင် မင်းသမီးအဖြစ် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် စိုးပြည့်သဇင်က အသက် (၂၈) နှစ်အရွယ် အိမ်ထောင်ပြုသင့်နေပြီဆိုပေမယ့် အချစ်ရေးကို စိတ်မဝင်စားပဲ တစ်ကိုယ်တည်းတစ်ယောက်တည်းသာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။
ချစ်စရာကောင်းပြီး စိတ်ထားကောင်းတဲ့ စိုးပြည့်သဇင်ကတော့ အမြဲတမ်း ကံကောင်းခြင်းတွေနဲ့သာ ကြုံဆုံရလေ့ရှိပြီး ဒီကနေ့ ဒီဇင်ဘာလ (၁) ရက်နေ့မှာလည်း ကံကောင်းခြင်းတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ စိုးပြည့်သဇင်က “ပျော်စရာဒီဇင်ဘာ(၁)ရက်နေ့လေး❤️ စိုးပြည့်ထိုးထားတဲ့ထီတစ်သိန်းဆုပေါက်တယ်…မေမေကလည်းတစ်သိန်းဆုပေါက်တယ်….❤️ Happy 😘😘 Lucky day🥰” ဆိုပြီး သားအမိနှစ်ယောက်စလုံး သိန်းထီဆုကြီးတွေပေါက်ခဲ့ကြောင်း ဝမ်းသာစွာ ပြောလာပါတယ်။
စိုးပြည့်သဇင်တို့ သားအမိနှစ်ယောက်စလုံးကတော့ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ထီဆုကြီးကို အတူတူ ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်နဲ့ ထပ်တူ ဝမ်းသာနေမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Soe Pyae Thazin’s fb
zawgyi
ပရိသတ္ေတြက စိုးျပည့္လို႔ ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကေတာ့ ငယ္စဥ္ကတည္းက အစ္မေတြနဲ႔အတူတူ အႏုပညာအလုပ္ေတြကို လုပ္ကိုင္လာခဲ့တာပဲ ျဖစ္ပါတယ္။ စိုးျပည့္သဇင္ကေတာ့ အႏုပညာသက္တမ္း ႏုနယ္ေသးခ်ိန္မွာပဲ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆုႀကီးတစ္ဆုကို ပိုင္ဆိုင္ခဲ့ၿပီး အကယ္ဒမီဆုရွင္ မင္းသမီးအျဖစ္ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ စိုးျပည့္သဇင္က အသက္ (၂၈) ႏွစ္အ႐ြယ္ အိမ္ေထာင္ျပဳသင့္ေနၿပီဆိုေပမယ့္ အခ်စ္ေရးကို စိတ္မဝင္စားပဲ တစ္ကိုယ္တည္းတစ္ေယာက္တည္းသာ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။
ခ်စ္စရာေကာင္းၿပီး စိတ္ထားေကာင္းတဲ့ စိုးျပည့္သဇင္ကေတာ့ အၿမဲတမ္း ကံေကာင္းျခင္းေတြနဲ႔သာ ႀကဳံဆုံရေလ့ရွိၿပီး ဒီကေန႔ ဒီဇင္ဘာလ (၁) ရက္ေန႔မွာလည္း ကံေကာင္းျခင္းေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။ စိုးျပည့္သဇင္က “ေပ်ာ္စရာဒီဇင္ဘာ(၁)ရက္ေန႔ေလး❤️ စိုးျပည့္ထိုးထားတဲ့ထီတစ္သိန္းဆုေပါက္တယ္…ေမေမကလည္းတစ္သိန္းဆုေပါက္တယ္….❤️ Happy 😘😘 Lucky day🥰” ဆိုၿပီး သားအမိႏွစ္ေယာက္စလုံး သိန္းထီဆုႀကီးေတြေပါက္ခဲ့ေၾကာင္း ဝမ္းသာစြာ ေျပာလာပါတယ္။
စိုးျပည့္သဇင္တို႔ သားအမိႏွစ္ေယာက္စလုံးကေတာ့ ထူးထူးျခားျခား တိုက္တိုက္ဆိုင္ဆိုင္နဲ႔ပဲ ထီဆုႀကီးကို အတူတူ ဆြတ္ခူးႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း စိုးျပည့္နဲ႔ ထပ္တူ ဝမ္းသာေနမယ္လို႔ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Soe Pyae Thazin’s fb