သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီးကိုယ်တိုင်သီဆိုလေ့ရှိတဲ့ အဆိုတော်ဟဲလေးနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဟဲလေးကတော့ အသံနဲ့လိုက်ဖက်တဲ့ သီချင်းတွေကို သီဆိုမှုကြောင့် ဂီတလောကမှာ အောင်မြင်လာတဲ့အဆိုတော်တစ်လက်ပါပဲနော်။ သူဟာဆိုရင် သားနှစ်ယောက်နဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
ဟဲလေးကတော့ ဂီတမောင်နှမတွေရဲ့ သီချင်းလာအပ်သမျှ ရေးစပ်ရင်း အောင်မြင်လာတဲ့ တေးရေးဆရာတစ်လက်ဆိုလည်း မှားမယ်မထင်ပါဘူးနော်။ သူရဲ့ အားလပ်ချိန်တိုင်းကိုလည်း ချစ်ရတဲ့ မိသားစုကို အချိန်ပေးရင်း သာယာတဲ့ နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ မိခင်ဖြစ်သူရဲ့မွေးနေ့လေးကို ဟဲလေးက”Happy 68th Birthday ချစ်တဲ့မေမေ သက်ရှည်ကျန်းမာချမ်းသာလို့..ဘဝတစ်လျောက်လုံးချစ်တဲ့သားသမီးမြေးများနဲ့ရွှင်လန်းချမ်းမြေ့ပါစေ”လို့ဆိုပြီး မွေးနေ့ဆုမွန်တောင်းလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
မိခင်ဖြစ်သူအတွက် မွေးနေ့ဆုမွန်တောင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source….He Lay’s Facebook
zawgyi
Source….He Lay’s Faceboo