;ဒီကနေ့မှာ ကျရောက်တဲ့ ဖခင်ဖြစ်သူ ဂရေဟမ်ရဲ့မွေးနေ့လေးမှာ မှတ်မှတ်ရရလေးနဲ့ မွေးနေ့ဆုမွန်တောင်းပေးလိုက်တဲ့ ပန်းရောင်ခြယ်

Posted on

ပရိသတ်ကြီးရေ အဆိုတော်မင်းသမီးတစ်ဦးဖြစ်တဲ့ပန်းရောင်ခြယ်ကို အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်နော်။ ပန်းရောင်ခြယ်ကတော့ ဝါရင့်အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးအကြီးဆုံးဖြစ်တဲ့အပြင် ဖခင်ဖြစ်သူထံကနေ အနုပညာနဲ့ပတ်သက်တဲ့ အမွေအနှစ်ကို ရရှိကာ အနုပညာလောကမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ပန်းရောင်ခြယ်ကတော့ Stay Homeကာလဖြစ်ပေမယ့် မနားတမ်းရှုတင်ရိုက်ကူးမှုတွေကိုလည်း တွေ့ရမှာပါပဲနော်။သူမရဲ့ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အလှမ်းမဝေးအောင်လည်း မိသားစုလိုက်ပျော်ရွှင်နေတဲ့ အမှတ်တရပုံရိပ်လးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ နိုဝင်ဘာ(၂၂)ရက်နေ့မှာ ကျရောက်တဲ့ ဖခင်ဖြစ်သူ ဂရေဟမ်ရဲ့ မွေးနေ့လေးကို ပန်းရောင်ခြယ်က”Happy Birthday Daddy 💘 စူပါဒူပါ Love You”လို့ဆိုပြီး သမီးလိမ္မာလေးတစ်ယောက်ပီပီ မှတ်မှတ်ရရနဲ့ မွေးနေ့ဆုမွန်တောင်းပေးလိုက်တာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် ဂရေဟမ်ရဲ့မွေးနေ့လေးဖြစ်တာကြောင့် မွေးနေ့ဆုမွန်တောင်းလေးတွေကို ရေးပေးခဲ့ကြပါအုံးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source…..Pan Yaung Chel’s Facebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.