အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ သင်ဇာ့ရဲ့စတိုင်လ်နဲ့ယုံကြည်မှုရှိစွာ လျှောက်လှမ်းနေပုံလေးတွေကို ချစ်နေရတာဖြစ်ပါတယ်။သင်ဇာ့ရဲ့ လက်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ပွဲအခမ်းအနားတွေတက် ကြော်ငြာတွေရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုလည်း လက်ခံထားတာတွေ့ရပါတယ်နော်။သင်ဇာ့ရဲ့ အလှအပတွေကတော့ တစ်နေ့တစ်ခြားပိုပိုလှလာပြီး ဆွဲဆောင်မှုပိုရှိလာတာကိုတွေ့ရပါတယ်။
ဒီနေ့မှာလဲ သင်ဇာဝင့်ကျော်ဟာ V-Kool အမှတ်တံဆိပ် ကားမှန်စတစ်တာ မိတ်ဆက်ပွဲသို့ တက်ရောက်လာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ပွဲတက်လာတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
Photo Source : Cele Yatkwat