ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့်ကတော့ သရုပ်ဆောင်ပိုင်းမှာထူးချွန်တာကြောင့်ရော သူမရဲ့ပွင့်လင်းတဲ့စိတ်ဓာတ်လေးကြောင့်ပါ ပရိသတ်တွေက အရမ်းချစ်ကြတာပါ။ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ကတော့ မိခင်ကောင်းတစ်ဦးရဲ့တာဝန်တွေကိုလည်း အပြည့်အဝကျေပြွန်သူတစ်ဦးပဲ ဖြစ်ပါတယ်။
ဒီနေ့ကတော့ မြန်မာနိုင်ငံသားတိုင်းရဲ့ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်မယ့် ၇၂ ကြိမ်မြောက် အာဇာနည်နေ့လေးဖြစ်တာကြောင့် အကယ်ဒမီ သက်မွန်မြင့်ရဲ့ သားသားလေးနဲ့ မီးမီးလေးကလည်း ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို ရိုရိုသေသေနဲ့ အလေးပြုခဲ့ကြတာပါ။
ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်ဖို့ကောင်းတဲ့ သက်မွန်မြင့်ရဲ့ဘေဘီလေးတွေရဲ့ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။
ကျဆုံးလေပြီးသော အာဇာနည်တွေကို အလေးပြုနေတဲ့ ကလေးလေးတွေ
သက်မွန်မြင့်ကတော့ “၁၉ ဇူလိုင်မမေ့နိုင်..အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု!!!” ဆိုပြီး ကလေးတွေရဲ့ပုံရိပ်လေးကို ဝေမျှပေးထားတာပါ။
ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ အကယ်ဒမီသက်မွန်မြင့်ကတော့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သားသားလေးနဲ့ မီးမီးလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အနုပညာကိုလည်းချစ်မြတ်နိုးလွန်းတဲ့ မေမေသက်မွန်မြင့်ကတော့ လတ်တလောမှာ ဇာတ်ကားတွေဆက်တိုက် ရိုက်ကူးဖြစ်နေတာပါ။ ချစ်ပရိသတ်တွေလည်း ကလေးတွေကို မျိုးချစ်စိတ်ရှိအောင် သွန်သင်ပေးတတ်တဲ့ မေမေသက်မွန်မြင့်ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source;momolay