ဒီကနေ့ အသက် (၂၃) နှစ်ပြည့် မွေးနေ့ကိုကျရောက်လာတဲ့ ကျော်မင်းဦး ရဲ့ မွေးနေ့အလှူ

ဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီက တရားဝင်ကြေငြာသွားခဲ့တဲ့ ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ ဖျောင်းဖျမှုကြောင့် သူ့ရဲ့ဒဏ်ရာကို ကုသပြီး ဘောလုံးပြန်လည် ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယခုအခါမှာတော့ ကျော်မင်းဦးဟာ ဘန်ကောက်မှာဒူးဒဏ်ရာ ခွဲစိတ်ကုသမှု သွားရောက်ခံပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကျော်မင်းဦး ရဲ့ အသက် (၂၃) နှစ်ပြည့် မွေးနေ့အလှူ ကို ဒီကနေ့ ဇွန်လ (၁၆) ရက်နေ့က ရန်ကုန်၊ မှန်ကင်း အမှတ် (၂) မိဘမဲ့ကလေးကျောင်း မှာ ပြုလုပ်ခဲ့ပါတယ်။ ကျောင်းရှိ ကလေးများ အတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများ၊ မုန့်များ နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပါတယ်။

ပရိသတ်အတွက် ကျော်မင်းဦးရဲ့ မွေးနေ့အလှူပုံရိပ်တွေကို သာဓုခေါ်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ကျော်မင်းဦးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Photo Source : Myanmar Celebrity

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.