မင္းသမီးေလး ခိုင္နွင္းေဝကေတာ့ အေဒၚျဖစ္သူ အကယ္ဒမီ ျမင့္ျမင့္ခိုင္ရဲ့ ဦးေဆာင္မႈနဲ့ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခိုင္နွင္းေဝက အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာေတာ့ အနုပညာလုပ္ငန္းေတြထက္ လူမႈအက်ိဳးျပဳ ပရဟိတလုပ္ငန္းေတြကို ပိုမိုဦးစားေပးလုပ္ကိုင္ေနတာကို ပရိသတ္ၾကီးအားလံုး သိျပီးသားျဖစ္မွာပါ။ ခိုင္နွင္းေဝက အခုလို ကပ္ေရာဂါနဲ့ ရင္ဆိုင္ေနရခ်ိန္မွာလည္း ခ်ိဳ့တဲ့ခက္ခဲေနသူေတြအတြက္ ေရွ့ဆံုးကေန တက္ၾကြစြာ ကူညီေဖးမေပးေနလ်က္ရိွပါတယ္။
ဒီတစ္ေခါက္မွာလည္း ခုိင္နွင္းေဝက သူမဆီကို (၄၄) ေယာက္ေျမာက္အေနနဲ့ ေရာက္လာမယ့္ သားေလးကို သူမကိုယ္တုိင္ကုိယ္က်သြားေခၚခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ ခိုင္နွင္းေဝက “(၄၄) ေယာက္ေျမာက္ သားေလးကို ကမ္းကူးျပီး သြားေခၚလာပါျပီရွင္။ ကေလးက ေပါင္ မျပည့္ပဲ ေတာ္ေတာ္ေလး ေသးေနပါတယ္။ ေဆးရံုျပျပီး လိုအပ္တာမ်ား လုပ္ေဆာင္ေပးရပါမယ္။ ကြ်န္မတို႔ ဝိုင္းဝန္းကယ္တင္ႏိုင္လိုက္တ့ဲ လူ႔အသက္ တစ္ေခ်ာင္းပါပဲရွင္….” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။
ခိုင္နွင္းေဝကေတာ့ မိဘက မလိုခ်င္လုိ့ စြန့္ပစ္သြားတဲ့ ကေလးတစ္ေယာက္ကို မိခင္ရင္းသဖြယ္ ရင္အုပ္မကြာ ေစာင့္ေရွာက္ဖို့ ေခၚေဆာင္လာျပီပဲ ျဖစ္ပါတယ္။ သားသားေလးလည္း ေမေမခိုင္နွင္းေဝရဲ့ လက္ေပၚမွာ ေနေကာင္းက်န္းမာစြာၾကီးျပင္းလာျပီး အမ်ားက အားကိုးရတဲ့လူေတာ္လူေကာင္းတစ္ေယာက္ျဖစ္လာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ myanmar cele cafe ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source: Khine Hnin Wai’s fb
unicode
မင်းသမီးလေး ခိုင်နှင်းဝေကတော့ အဒေါ်ဖြစ်သူ အကယ်ဒမီ မြင့်မြင့်ခိုင်ရဲ့ ဦးဆောင်မှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာလုပ်ငန်းတွေထက် လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ပိုမိုဦးစားပေးလုပ်ကိုင်နေတာကို ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ ခိုင်နှင်းဝေက အခုလို ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာလည်း ချို့တဲ့ခက်ခဲနေသူတွေအတွက် ရှေ့ဆုံးကနေ တက်ကြွစွာ ကူညီဖေးမပေးနေလျက်ရှိပါတယ်။
ဒီတစ်ခေါက်မှာလည်း ခိုင်နှင်းဝေက သူမဆီကို (၄၄) ယောက်မြောက်အနေနဲ့ ရောက်လာမယ့် သားလေးကို သူမကိုယ်တိုင်ကိုယ်ကျသွားခေါ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ ခိုင်နှင်းဝေက “(၄၄) ယောက်မြောက် သားလေးကို ကမ်းကူးပြီး သွားခေါ်လာပါပြီရှင်။ ကလေးက ပေါင် မပြည့်ပဲ တော်တော်လေး သေးနေပါတယ်။ ဆေးရုံပြပြီး လိုအပ်တာများ လုပ်ဆောင်ပေးရပါမယ်။ ကျွန်မတို့ ဝိုင်းဝန်းကယ်တင်နိုင်လိုက်တဲ့ လူ့အသက် တစ်ချောင်းပါပဲရှင်….” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။
ခိုင်နှင်းဝေကတော့ မိဘက မလိုချင်လို့ စွန့်ပစ်သွားတဲ့ ကလေးတစ်ယောက်ကို မိခင်ရင်းသဖွယ် ရင်အုပ်မကွာ စောင့်ရှောက်ဖို့ ခေါ်ဆောင်လာပြီပဲ ဖြစ်ပါတယ်။ သားသားလေးလည်း မေမေခိုင်နှင်းဝေရဲ့ လက်ပေါ်မှာ နေကောင်းကျန်းမာစွာကြီးပြင်းလာပြီး အများက အားကိုးရတဲ့လူတော်လူကောင်းတစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ myanmar cele cafe ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Khine Hnin Wai’s fb