ဒရမ္မာဇာတ္လမ္းတြဲအသစ္ကို အတူတြဲဖက္႐ိုက္ကူးေနၾကၿပီျဖစ္တဲ့ Push Puttichai နဲ႔ Mai Davika

Posted on

ျမန္မာပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား ထိုင္းမင္းသားတစ္လက္ျဖစ္တဲ့ Push Puttichai နဲ႔ P’Mak မင္းသမီးရယ္လို႔အသိမ်ားၾကတဲ့ မင္းသမီးေလး Mai Davika တို႔ဟာ အခုဆိုရင္ “You’re My Heartbeat” လို႔အမည္ရတဲ့ ထိုင္းဒရမ္မာဇာတ္လမ္းတြဲအသစ္တစ္ခုမွာ စတင္ၿပီး အတူသ႐ုပ္ေဆာင္ေနၾကၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဒီဇာတ္လမ္းတြဲအသစ္ထဲမွာ Push က လုပ္ငန္းရွင္သူေဌး CEO တစ္ေယာက္အျဖစ္နဲ႔ ပါဝင္သ႐ုပ္ေဆာင္သြားမွာျဖစ္ၿပီး Mai ကေတာ့ ေခ်ာေမာလွပတဲ့ ဒီဇိုင္နာမေလးတစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္မွာျဖစ္တယ္လို႔သိရပါတယ္။

သူတို႔ႏွစ္ဦးနဲ႔အတူ Carissa Springett, Blue Pongtiwat နဲ႔ Bow Benjawan တို႔ကလည္း ဇာတ္ပို႔ေတြအျဖစ္ပါဝင္သ႐ုပ္ေဆာင္သြားၾကမွာျဖစ္ၿပီး ဒီဇာတ္လမ္းတြဲဟာဆိုရင္ ၂၀၁၇ ခုႏွစ္တုန္းက ႐ိုက္ကူးခဲ့တဲ့ တ႐ုတ္ဇာတ္လမ္းတြဲ “The Fox’s Summer” ကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

အဆိုပါဒရမ္မာဇာတ္လမ္းတြဲကို ထုတ္လုပ္သူအျဖစ္နဲ႔႐ိုက္ကူးတဲ့သူကေတာ့ Push Puttichai ရဲ႕ဇနီးျဖစ္သူ Jooy Warattaya ျဖစ္ၿပီး သူတို႔ႏွစ္ဦးဟာဆိုရင္ ၂၀၁၈ ခုႏွစ္မွာလက္ထပ္မဂၤလာပြဲဆင္ႏႊဲခဲ့ၾကတာျဖစ္ပါတယ္။

Ref : Thai Update

Unicode

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ထိုင်းမင်းသားတစ်လက်ဖြစ်တဲ့ Push Puttichai နဲ့ P’Mak မင်းသမီးရယ်လို့အသိများကြတဲ့ မင်းသမီးလေး Mai Davika တို့ဟာ အခုဆိုရင် “You’re My Heartbeat” လို့အမည်ရတဲ့ ထိုင်းဒရမ်မာဇာတ်လမ်းတွဲအသစ်တစ်ခုမှာ စတင်ပြီး အတူသရုပ်ဆောင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲအသစ်ထဲမှာ Push က လုပ်ငန်းရှင်သူဌေး CEO တစ်ယောက်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး Mai ကတော့ ချောမောလှပတဲ့ ဒီဇိုင်နာမလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။

သူတို့နှစ်ဦးနဲ့အတူ Carissa Springett, Blue Pongtiwat နဲ့ Bow Benjawan တို့ကလည်း ဇာတ်ပို့တွေအဖြစ်ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲဟာဆိုရင် ၂၀၁၇ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲ “The Fox’s Summer” ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဆိုပါဒရမ်မာဇာတ်လမ်းတွဲကို ထုတ်လုပ်သူအဖြစ်နဲ့ရိုက်ကူးတဲ့သူကတော့ Push Puttichai ရဲ့ဇနီးဖြစ်သူ Jooy Warattaya ဖြစ်ပြီး သူတို့နှစ်ဦးဟာဆိုရင် ၂၀၁၈ ခုနှစ်မှာလက်ထပ်မင်္ဂလာပွဲဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

Ref : Thai Update

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.