အဆိုတော်သရုပ်ဆောင် အကယ်ဒမီထွန်းထွန်း တစ်ယောက်ကတော့ ပြီးခဲ့တဲ့ မွေးနေ့မှာ သိပ်ချစ်ရတဲ့ချစ်သူလေးနဲ့ လမ်းခွဲလိုက်ရတဲ့အတွက် အတော်လေးကို စိတ်ထိခိုက်နေရမှာအသေအချာပါပဲ။ ဒီလိုပြတ်ဆဲတဲ့ အပေါ်မှာလည်း ခင်မင်ရသူတွေက စိတ်လျော့ဖို့နဲ့ ပြန်အဆင်ပြေအောင် အားပေးစကားတွေပြောခဲ့ကြပါသေးတယ်။
မကြာသေးခင်က အင်တာဗျူးဖြေဆိုခဲ့ရာမှာ” ရည်းစားတွေအများကြီးတွဲခဲ့ပေမယ့် ယူရလောက်အောင် ချစ်တဲ့လူမတွေ့သေးဘူးလို့ပြောဆိုခဲ့တာပါ။ အခုလိုပြောမိလို့လည်း ရည်းစားဟောင်းတွေကို အားနာပါတယ်လို့”လည်းပြောဆိုခဲ့ပါတာပါ။
အဆိုပါ ကိစ္စ နဲ့ပတ်သက်ပြီး ရည်းစားဟောင်းဖြစ်သူ ဆုစန္ဒီဦးကတော့ ပညာသားပါပါ ပြန်လည်တုံ့ပြန်ထားတာပါ ။ ဆုစန္ဒီဦးဟာ သူ့ရင်တွင်းခံစားချက်တွေကို MyDay ကနေပြောဆိုထားတာလည်းဖြစ်ပါတယ်။ ဆုစန္ဒီဦး ရဲ့ မိန်းကလေးခံစားချက်တွေအတွက် သိစေချင်ပရိသတ်ကြီး မှတ်ချက်ပေးခဲ့ကြပါဦး။
Source- Su Sandi OO
Noe Noe May Ju Ju