ထြက္ျပီးသားသီခ်င္းေတြကို ဇာတ္လမ္းလိိုျပန္ရို္က္ခဲ့တဲ့အေပၚ ရူးျပီးလုပ္တယ္ဆိုျပီး ရိသဲ့သဲ့အေျပာေတြေၾကာင့္ ခံစားရတယ္ဆိုတဲ့ ေမ

Posted on

ချစ်စရာကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားရုံသာမက ချိုသာကြည်အေးတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက အဆိုတော်တစ်ယောက်အဖြစ်လည်း အောင်မြင်သူလေးတစ်ယောက် ဖြစ်ပါတယ်။ ရိုက်ကူးခဲ့သမျှ ဇာတ်ကားတိုင်းကလည်း ပရိသတ်အားပေးမှုရရှိသလို ထွက်သမျှသီချင်းဆိုင်းကလည်း အောင်မြင်ခဲ့တဲ့ မေကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုကို လျှော့ချသွားခြင်းမရှိပဲ ပရိသတ်တွေအတွက် အသစ်အသစ်သော လှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ “Journey “ဆိုပြီး သူမရဲ့ ထွက်ပြီးသမျှ သီချင်းတွေကို ဇာတ်လမ်းလို ပြန်ဖန်တီးနေတဲ့အပေါ် အကောင်းမမြင်ပဲ ရိသဲ့သဲ့ပြောနေကြသူတွေအတွက် အခုလိုပဲ တုံ့ပြန်လာပါတယ်။

“ထွက်ပြီးသားသီချင်း‌တွေကို ဇာတ်လမ်းလိုတွေ ရူးပြီး ပြန်ရိုက်နေတာမဟုတ်ပါဘူး. . . 😥ကိုယ့်ပရိသတ်အစစ်တွေအတွက် အမှတ်တရ Album လေးလုပ်ချင်လို့။ 24ရက်နေ့ထွက်မယ့် “The Journey” သီချင်းကလည်းအရှေ့ကသီချင်းတွေနဲ့ သေသေချာချာ Concept တွေချိတ်ပြီးရိုက်ထားလို့ပါ အားလုံးသေချာစဉ်းစားစီစဉ်ပြီးမှ ရိုက်ခဲ့တာပါ။ဝမ်းနည်းတာတစ်ခုက Covid ဖြစ်သွားတဲ့အချိန်မှာ အခြားကိစ္စတွေအတွက် ငွေကြေးအရရော Album လေးဆက်မလုပ်ဖြစ်တော့တာပါ။ ဒါပေမယ့် အခုလို Facebook ကနေပဲတင်ရတော့လည်း ပရိသတ်တွေအားလုံးနဲ့ Comment တွေအပြန်အလှန်ပေး၊စကားတွေပြောရတာလည်း ပျော်မိပါတယ်။ ❤️”

“နောက်ထပ်ဝမ်းနည်းရတာက Facebook Page တွေက ပုံစံအသစ်တွေ၊ပုံစံအဟောင်းတွေ ဖြစ်သွားတဲ့ကြားမှာ Engagement တွေကျနေတဲ့အချိန်ဖြစ်နေတာပါ။ တင်သမျှ ပို့စ်တွေကို လူတွေသိပ်မမြင်ရဖြစ်နေတဲ့အတွက် ဝမ်းနည်းရပါတယ်။ ဒီ “Journey ” အတွက် ကျွန်မအများကြီးစိတ်ပင်ပန်းရပါတယ်။ လွန်ခဲ့တဲ့ ၉လ လောက်ကတည်းက လုပ်နေတာပါ။ အချစ်သီချင်းတစ်ပုဒ်ချိုချိုလေး ဖန်တီးလိုက်ရင် ပရိသတ်ကြိုက်ကြမှာသိပါတယ်။ ဘာလို့ဒီလိုတွေ ခက်ခက်ခဲခဲ စဉ်းစားပြီးလုပ်ခဲ့လဲ? ကျွန်မဖြတ်သန်းခဲ့တဲ့ဘဝရဲ့အစိတ်အပိုင်းတစ်ချို့ကို ကျွန်မပရိသတ်အစစ်တွေကို ဇာတ်လမ်း(သီချင်း)ထဲကနေ ပြောပြချင်တာပါ။ တချို့ ရိသလို အပြောတွေ အတွက် ကျွန်မ😣😞😢 ခံစားရပါ၏။ မပျက်သောမေတ္တာများဖြင့် မေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာပါတယ်။

မေကတော့ ထွက်ပြီးသားသီချင်းတွေကို ဇာတ်လမ်းလိုပြန်ရိုက်ခဲ့တဲ့အပေါ် ရူးပြီးလုပ်တယ်ဆိုပြီး ရိသဲ့သဲ့အပြောတွေကို ခံစားရကြောင်း ပွင့်ပွင့်လင်းလင်းပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May’s fb

zawgyi

ခ်စ္စရာေကာင္းၿပီး ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ႐ုပ္ရည္ကို ပိုင္ဆိုင္ထား႐ုံသာမက ခ်ိဳသာၾကည္ေအးတဲ့ အသံေလးကို ပိုင္ဆိုင္ထားတဲ့ ေမကေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္သာမက အဆိုေတာ္တစ္ေယာက္အျဖစ္လည္း ေအာင္ျမင္သူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ႐ိုက္ကူးခဲ့သမွ် ဇာတ္ကားတိုင္းကလည္း ပရိသတ္အားေပးမႈရရွိသလို ထြက္သမွ်သီခ်င္းဆိုင္းကလည္း ေအာင္ျမင္ခဲ့တဲ့ ေမကေတာ့ သူမရဲ႕ ႀကိဳးစားအားထုတ္မႈကို ေလွ်ာ့ခ်သြားျခင္းမရွိပဲ ပရိသတ္ေတြအတြက္ အသစ္အသစ္ေသာ လႈပ္ရွားမႈေတြကို ခ်ျပဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ “Journey “ဆိုၿပီး သူမရဲ႕ ထြက္ၿပီးသမွ် သီခ်င္းေတြကို ဇာတ္လမ္းလို ျပန္ဖန္တီးေနတဲ့အေပၚ အေကာင္းမျမင္ပဲ ရိသဲ့သဲ့ေျပာေနၾကသူေတြအတြက္ အခုလိုပဲ တုံ႔ျပန္လာပါတယ္။

“ထြက္ၿပီးသားသီခ်င္း‌ေတြကို ဇာတ္လမ္းလိုေတြ ႐ူးၿပီး ျပန္႐ိုက္ေနတာမဟုတ္ပါဘူး. . . 😥ကိုယ့္ပရိသတ္အစစ္ေတြအတြက္ အမွတ္တရ Album ေလးလုပ္ခ်င္လို႔။ 24ရက္ေန႔ထြက္မယ့္ “The Journey” သီခ်င္းကလည္းအေရွ႕ကသီခ်င္းေတြနဲ႔ ေသေသခ်ာခ်ာ Concept ေတြခ်ိတ္ၿပီး႐ိုက္ထားလို႔ပါ အားလုံးေသခ်ာစဥ္းစားစီစဥ္ၿပီးမွ ႐ိုက္ခဲ့တာပါ။ဝမ္းနည္းတာတစ္ခုက Covid ျဖစ္သြားတဲ့အခ်ိန္မွာ အျခားကိစၥေတြအတြက္ ေငြေၾကးအရေရာ Album ေလးဆက္မလုပ္ျဖစ္ေတာ့တာပါ။ ဒါေပမယ့္ အခုလို Facebook ကေနပဲတင္ရေတာ့လည္း ပရိသတ္ေတြအားလုံးနဲ႔ Comment ေတြအျပန္အလွန္ေပး၊စကားေတြေျပာရတာလည္း ေပ်ာ္မိပါတယ္။ ❤️”

“ေနာက္ထပ္ဝမ္းနည္းရတာက Facebook Page ေတြက ပုံစံအသစ္ေတြ၊ပုံစံအေဟာင္းေတြ ျဖစ္သြားတဲ့ၾကားမွာ Engagement ေတြက်ေနတဲ့အခ်ိန္ျဖစ္ေနတာပါ။ တင္သမွ် ပို႔စ္ေတြကို လူေတြသိပ္မျမင္ရျဖစ္ေနတဲ့အတြက္ ဝမ္းနည္းရပါတယ္။ ဒီ “Journey ” အတြက္ ကြၽန္မအမ်ားႀကီးစိတ္ပင္ပန္းရပါတယ္။ လြန္ခဲ့တဲ့ ၉လ ေလာက္ကတည္းက လုပ္ေနတာပါ။ အခ်စ္သီခ်င္းတစ္ပုဒ္ခ်ိဳခ်ိဳေလး ဖန္တီးလိုက္ရင္ ပရိသတ္ႀကိဳက္ၾကမွာသိပါတယ္။ ဘာလို႔ဒီလိုေတြ ခက္ခက္ခဲခဲ စဥ္းစားၿပီးလုပ္ခဲ့လဲ? ကြၽန္မျဖတ္သန္းခဲ့တဲ့ဘဝရဲ႕အစိတ္အပိုင္းတစ္ခ်ိဳ႕ကို ကြၽန္မပရိသတ္အစစ္ေတြကို ဇာတ္လမ္း(သီခ်င္း)ထဲကေန ေျပာျပခ်င္တာပါ။ တခ်ိဳ႕ ရိသလို အေျပာေတြ အတြက္ ကြၽန္မ😣😞😢 ခံစားရပါ၏။ မပ်က္ေသာေမတၱာမ်ားျဖင့္ ေမ” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ရင္ဖြင့္ေျပာျပလာပါတယ္။

ေမကေတာ့ ထြက္ၿပီးသားသီခ်င္းေတြကို ဇာတ္လမ္းလိုျပန္႐ိုက္ခဲ့တဲ့အေပၚ ႐ူးၿပီးလုပ္တယ္ဆိုၿပီး ရိသဲ့သဲ့အေျပာေတြကို ခံစားရေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: May’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.