ထိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကပ်ရောဂါအသွင်ဖြစ်နေ၊ မြန်မာနိုင်ငံလည်း သတိပြုရန်လိုအပ်

သွေးလွန်တုပ်ကွေး ရောဂါသည် ကပ်ရောဂါအသွင်ဖြစ်ပွားနေပြီဟု အိမ်နီးချင်းထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန Centre of Disease Control – CDC မှ (၁၄.၆.၂၀၁၉) ဒေသစံတော်ချိန် ညနေ (၅) နာရီက တရားဝင်ထုတ်ပြန်လိုက် ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

သတင်းအရ ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ယခုနှစ်တွင် လူပေါင်း ၂၈,၇၈၅ ယောက် ရောဂါပြင်းထန်စွာ ကူးစက်ခံစားရပြီး ၄၃ ယောက် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် ၁၂ ရက်နေ့ကလည်း Facebook ပေါ်တွင် ရန်ကုန်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၀၀ ကျော်ပြီး ၈ ဦး သေဆုံးထားကြောင်း အရေးပေါ်တပ်လှန့်

သတိပေးချက်များကို မြန်မာနိုင်ငံရှိ ဆရာဝန်များနှင့် ကျန်းမာရေးဆိုင်ရာ အကောင့်များမှ မျှဝေနေသည်ကို သတိပြုမိခဲ့ပါသည်။

အကောင့်ပေါင်း ၉၆၀၀ ကျော်မှ မျှဝေခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် မိမိတို့ အိမ် ၊ ခြံ ၊ တိုက်ခန်း အတွင်းနှင့် ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားနိုင်မည့် အနေအထားများ မရှိစေရန်နှင့် ပိုးလောက်လန်းများ မပေါက်ပွားစေရန် အထူးဂရုပြုနှိမ်နင်းပေးကြရန် အသိပေး နှိုးဆော် အပ်ပါသည်။

အထူးသတိပေးချက်အနေဖြင့် ကလေးငယ်များ ဖျားနာ နေမကောင်းဖြစ်ပါက သွေးလွန်တုပ်ကွေး အန္တရာယ်ကို မမေ့လျော့ မပေါ့ဆကြရန် နီးစပ်ရာ ဆေးရုံဆေးခန်းများ၌ စမ်းသပ်စစ်ဆေးကုသမှု ခံယူကြရန်လည်း အသိပေးနှိုးဆော်အပ်ပါသည်။

Dr. ကျော်သက်စိုး (GP)၊ အထွေထွေရောဂါကု ဆရာဝန်၊ ၁၄.၆.၂၀၁၉၊ (လေးစားစွာဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.