ထုတ်လုပ်ရေးတစ်ခုတည်းနဲ့ နှစ် (၂၀) ကျော် လက်တွဲလာတဲ့ ထိုင်းမင်းသမီးများ

Posted on

Thai entertainment ထုတ်လုပ်ရေးများစွာမှာ အရည်အချင်းရှိပြီး လှလည်းလှကြတဲ့ မင်းသမီးများကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်ဖို့ဆိုတာ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ လိုပါတယ်။ အခုဖော်ပြပေးမယ့် ထိုင်းမင်းသမီးများကတော့ ထုတ်လုပ်ရေးတစ်ခုတည်းနဲ့ပဲ နှစ် (၂၀) ကျော် လက်တွဲအလုပ်လုပ်နေကြတဲ့ မင်းသမီးများပဲ ဖြစ်ပါတယ်။

 

Anne Thongprasom

ဝါရင့်မင်းသမီးကြီးဖြစ်တဲ့ Anne Thongprasom က သူမရဲ့ အသက် (၁၅) နှစ် (၁၉၉၁) ခုနှစ်မှာ ထုတ်လုပ်ရေးတစ်ခုနဲ့စတင်လက်တွဲခဲ့ပြီး အခုဆိုရင် (၂၈) နှစ်ရှိခဲ့ပါပြီ။

 

Janie Thienphosuwan

မင်းသမီး Janie Thienphosuwan က (၁၉၉၃) ခုနှစ်မှာ music video တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ထုတ်လုပ်ရေးတစ်ခုထဲကို ၀င်ရောက်ခဲ့ပါတယ်။ (၁၉၉၇) ခုနှစ်မှာ ‘Sai Rung’ ဆိုတဲ့ တီဗီဒရမ်မာဇာတ်ကားနဲ့ တရားဝင် ပွဲဦးထွက်ခဲ့ပြီး အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။

 

Nune Woranuch

Nune Woranuch ကတော့ (၁၉၉၇) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘Pob Pee Fah’ ဆိုတဲ့ တီဗီဒရမ်မာဇာတ်ကားမှစတင်ပြီး ထုတ်လုပ်ရေးတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ ထိုထုတ်လုပ်ရေးနဲ့ပဲ လက်တွဲအလုပ်လုပ်ခဲ့တာ အခုဆိုရင် (၂၂) နှစ်ရှိပါပြီ။

 

Aum Patchrapa

နာမည်ကြီးမင်းသမီးဖြစ်တဲ့ Aum Patchrapa က မင်းသမီး Nune Woranuch နဲ့တစ်နှစ်တည်း ထုတ်လုပ်ရေးတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ အခုဆိုရင် (၂၂) နှစ်ရှိခဲ့ပါပြီ။

 

Chompoo Araya

နာမည်ကျော် မင်းသမီး Chompoo Araya က အလှမယ်ပြိုင်ပွဲအတွက် တက်ရောက်ပေးရင်း (၁၉၉၈) ခုနှစ်မှာ ထုတ်လုပ်ရေးတစ်ခုနဲ့ လက်တွဲမိခဲ့ပါတယ်။ လက်တွဲအလုပ်လုပ်ကိုင်ရင်းနဲ့ Thai Channel 7 ရဲ့မင်းသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ Thai Channel 7 နဲ့စာချုပ်သက်တမ်း ပြည့်သွားတဲ့အခါမှာတော့ Thai TV3 ကို ၀င်ရောက်သွားခဲ့ပါတယ်။

 

Source : Thai Update

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.