ထီပေါက်အောင် ဧရာဝတီတိုင်းမှာ အိမ်ဝယ်ပြီးနေတော့မယ်ဆိုတဲ့ စမိုင်းလ်

Posted on

စမိုင်းလ်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအ၀င်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။စမိုင်းလ်ဟာ မကြာသေးခင်ကမှ” မောင်နာလီဇာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ် ၊ ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

စမိုင်းလ်က အလှူအတန်းလုပ်တဲ့ နေရာမှာ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်သလို ၀ါတွင်းသုံးလ ခြေလေးချောင်းသားနှင့် အရက်ဘီယာကို စွန့်လွတ်လှူဒါန်းထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ တနေ့တာဖြတ်သန်းမှုတွေကို လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြတတ်သူတစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း လူမှုကွန်ရက် စာမျက်နှာထက်မှာ ဂယက်ခိုက်နေတဲ့ ဧရာဝတီတိုင်းဘက်က ကံကောင်းစွာ ထီပေါက်နေကြတာနဲ့ ပတ်သက်ပြီးတော့ ရင်ဖွင့် ပြောခဲ့တာဖြစ်ပါတယ်။

ထီပေါက်အောင် ဧရာဝတီတိုင်းမှာ အိမ်ဝယ်ပြီးနေတော့မယ်ဆိုတာကို ” ဧရာဝတီ ရာဇဝင်များရဲ့သတို့သမီး ထီများရဲ့မိခင် ဧရာဝတီဟီး။ ဧရာဝတီမှာပဲအိမ်ဝယ်တော့မယ် ထီပေါက်အောင်” ဆိုပြီးတော့ ချစ်စရာကောင်းအောင် စနောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဧရာဝတီတိုင်းမှာ နေတော့မယ်ဆိုတဲ့ စမိုင်းလ်အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.