ထိုင်းTV3 channel လက်အောက်က အသက်အငယ်ဆုံး ခေါင်းဆောင်မင်းသမီး (၁၀)ဦး

Posted on

Thai TV3ဆိုတာ 1970ခုနှစ်မှ စတင်ထုတ်လွှင့်တဲ့ ထိုင်းနိုင်ငံရဲ့ free-to-air ရုပ်မြင်သံကြားချန်နယ်တစ်ခုဖြစ်ပြီး အရည်အချင်းရှိသော နာမည်ကြီး မင်းသား/မင်းသမီးများစွာကို ပေါ်ထွက်စေခဲ့တဲ့ ချန်နယ်တစ်ခုဖြစ်ပါတယ်။

ဒီမင်းသမီး (၁၀)ဦးကတော့ Thai TV3 လက်အောက်မှာရှိတဲ့ အသက်အငယ်ဆုံးခေါင်းဆောင်မင်းသမီး တွေဖြစ်ပါတယ်။သူတို့ဟာ ငယ်ရွယ်ပေမယ့်လည်း သရုပ်ဆောင်တဲ့နေရာမှာ ပါရမီရှိကြသူတွေ ဖြစ်ပါတယ်။

၁။ Yaya Urassaya

သူမက အသက် ၂၆နှစ်ရှိပါပြီ။ သူမဟာနော်ဝေဂျီယန်သွေးနှောတဲ့ ထိုင်းလူမျိုးဖြစ်ပါတယ်။ သူမဟာ ထိုင်း၊ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်နဲ့ နော်ဝေဘာသာစကားကို ကောင်းစွာပြောဆိုနိုင်သူဖြစ်ပါတယ်။

၂၀၁၅မှာ အနုပညာဘာသာရပ်ဖြင့် ချူလာလောင်ကွန်းတက္ကသိုလ်မှ ဘွဲ့ရခဲ့ပါတယ်။ သူမဟာ ဒရမ်မာဇာတ်ကားအတော်များများမှာ သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်စွမ်းရည် ကောင်းမွန်သူဖြစ်ပါတယ်။ yayaရဲ့ သရုပ်ဆောင်အရည်အချင်း နောက်ထပ်အဆင့်ကို တီဗီဒရမ်မာအသစ်ဖြစ်တဲ့ ‘Klin Ka Salong’မှာ တွေ့ရဦးမှာပါ။

၂။ Mint Chalida

Mint Chalidaရဲ့ အသက်က ၂၅နှစ်ဖြစ်ပါတယ်။ သူမဟာ တရုတ်နှင့် အိန္ဒိယသွေးနှောသူ ထိုင်းသရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်အရည်အချင်းကို တီဗီဒရမ်မာအသစ် ၂ကားဖြစ်တဲ့ ‘Fah Fak Ruk’ နှင့်‘Duang Baeb Nee Mai Mee Ju’မျာ တွေ့ရပါလိမ့်မယ်။

၃။ Chippy Sirin

သူမရဲ့ အသက်က ၂၆နှစ်ပြည့်တော့မှာပါ။ သူမဟာ လက်ရှိမှာ ဆက်သွယ်ရေးနှင့် ဗိသုကာဒီဇိုင်းပညာရပ်ကို သင်ယူနေပါတယ်။ မင်းသမီးဟာ လက်ရှိမှာ မင်းသား Puen Kanin နှင့်အတူ ‘Tiwa Sorn Dao’ဆိုတဲ့ ဒရမ်မာကားအသစ်ကို ရိုက်ကူးနေပါတယ်။

၎။ Kao Suppassara

သူမရဲ့အသက်ကတော့ ၂၄နှစ်ရှိပါပြီ။ နိုင်ငံတကာ စီးပွားရေးတက္ကသိုလ်မှာ ပညာသင်ယူနေပြီး မင်းသမီးဟာ Great Warintorn နှင့်အတူ ဒီနှစ်မှာ ‘Kao Waan Hai Noo Pen Sai Lub’ဆိုတဲ့ ဒရမ်မာကားသစ်ကို ရိုက်ကူးထားပါတယ်။

၅။ Diana Flipo

Diana Flipo ဟာအသက် ၂၄နှစ်ရှိပါပြီ။ သူမဟာ ပြင်သစ်သွေးနှောတဲ့ ထိုင်းလူမျိုးဖြစ်ပြီး Kasetsart တက္ကသိုလ်မှာ လူမူ့ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ သူမရဲ့ ဒရမ်မာကားသစ်ဖြစ်တဲ့ ‘Lub Luang Jai’ကို ၂၀၁၉ ဇွန်လ ၂၆ရက်နေ့မှာ ပြသမှာပါ။

၆။ Nychaa Nuttanicha

အရည်အချင်းရှိတဲ့ မင်းသမီးလေးကတော့ ယခုဆိုရင် အသက် ၂၃နှစ်ရှိပါပြီ။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို ‘Plerng Prang Tian’ ဆိုတဲ့ ဒရမ်မာကားအသစ်မှာ မကြာမီပြသဦးမှာပါ။

၇။ Yam Matira

သူမအသက်ကတော့ ၂၃နှစ်ရှိပါပြီ။ Thammasat တက္ကသိုလ်မှာ အနုပညာဘာသာရပ်ဖြင့်ကျောင်းပြီးခဲ့ပါတယ်၊ Dung Duang Haruetai’ နဲ့ ‘Piphob Himmaparn’ဆိုတဲ့ ဒရမ်မာကားသစ် ၂ကားရိုက်ကူးထားပါတယ်။

၈။ Preem Ranida

သူမရဲ့ အသက်က ၂၂နှစ်ရှိပြီး သူမဟာ အီတလီ-ထိုင်းလူမျိုးဖြစ်ပါတယ်။ သူမရဲ့ ဒရမ်မာကားအသစ်ဖြစ်တဲ့ ‘Plerng Naka’ ကို ထိုင်းTV3ကနေ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်းထုတ်လွှင့်နေပါတယ်။

၉။ Patricia Good

သူမရဲ့အသက်က ၂၁နှစ်ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို ‘Nee Ruk Nai Krung Fai’ဆိုတဲ့ တီဗီဒရမ်မာအသစ်မှာ ပြသနေပါတယ်။

၁၀။ Gina Yeena

သူမကတော့ အသက် ၁၉နှစ်သာရှိပါသေးတယ်။ သူမဟာ မင်းသား Nine Naphatနှင့်အတူ ‘Tee Krai Tee Mun’ဆိုတဲ့ တီဗီဒရမ်မာအသစ်ကို လက်ရှိမှာ ရိုက်ကူးနေပါတယ်။

#LifeStyleMyanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.