ထိုင်းရောက် မြန်မာလုပ်သားများကို ကူညီပေးရန်အတွက် ထိုင်နိုင်ငံပရဟိတအသင်းဖွဲ့ဖို့ တွေ့ဆုံခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် ထိုင်းရောက် မြန်မာလုပ်သားများကို ကူညီပေးရန်အတွက် တွေ့ဆုံအစည်းအဝေးလုပ်ခဲ့တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပါ။

ဒီတစ်ခါမှာတော့ ခိုင်နှင်းဝေက ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာလုပ်သားများကို အကူအညီပေးနိုင်ဖို့ မြန်မာ လုပ်သားများနဲ့ တွေ့ဆုံ အစည်းအဝေးလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက မြန်မာနိုင်ငံက ရွေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံပရဟိတအသင်းမှာ ပရဟိတလုပ်ငန်းများ ကိုပါဝင်ဆောင်ရွက်ဖို့လည်း ဖိတ်ခေါ်ထားပါသေးတယ်။

ခိုင်နှင်းဝေက ” ထိုင်းနိုင်ငံ ခိုလမြို့ ခိုင်နှင်းဝေပရဟိတအသင်းမှ ကြီးမှုးကျင်းပမယ့် ပရဟိတဟောပြောပွဲနှင့်ထိုင်းရောက်မြန်မာလူင
ယ်များတွေ့ဆုံပွဲအတွက် ဒီနေ့ အစည်းအဝေးပြုလုပ်နေပါတယ်ရှင်…တိုင်းတပါးရောက်နေတဲ့ မြန်မာလူငယ်တွေ ပရဟိတစိတ်ဓာတ်အပြည့်ရှိကြပါတယ်, သူတို့ဆီမှာရှိပြီးသား ပရဟိတစိတ်ဓာတ်ကို အရောင်တင်ပေးရင်း ထိုင်းနိုင်ငံမှမြန်မာများအတွက်တတ်စွမ်းသမျှကူညီပေးနိုင်ဖို့တိုင်ပင်ဆွေးနွေးခဲ့ပါတယ်…
မြန်မာနိုင်ငံမှရွေ့ပြောင်းအလုပ်သမားများကျမရဲ့ထိုင်းနိုင်ငံပရဟိတအသင်းမှာ ပရဟိတလုပ်ငန်းများကိုပါဝင်ဆောင်ရွက်နိုပါတယ်လို့ဖိတ်ခေါ်ပါတယ်ရှင်…” ဆိုပြီးပြောထားပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ လေးစားစရာကောင်းတဲ့ ပရဟိတ စိတ်ဓာတ်လေးက ခုဆိုရင် ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက်ပါ ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူတင်ရှိပါတယ်နော်။

Source;khine hnin wai
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.