ထိုင္းသ႐ုပ္ေဆာင္မင္းသမီး Taew Natapohn ရဲ႕ ဖခင္ျဖစ္သူကြယ္လြန္

Posted on

ထိုင္းႏိုင္ငံရဲ႕နာမည္ႀကီးသ႐ုပ္ေဆာင္မင္းသမီးတစ္လက္ျဖစ္တဲ့ Taew Natapohn ရဲ႕ဖခင္ျဖစ္သူဟာ ဒီေန႔ ဇူလိုင္လ ၁ ရက္ေန႔မွာပဲ မေတာ္တဆျဖစ္မႈတစ္ခုေၾကာင့္ ေဆး႐ုံမွာ ဘ၀တစ္ပါးကိုေျပာင္းေ႐ႊ႕ကြယ္လြန္သြားခဲ့ၿပီျဖစ္ၿပီး ဒီအေၾကာင္းကို Taew က သူမရဲဲ့အင္စတာဂရမ္ကေနတဆင့္ ပုံေလးတစ္ပုံနဲ႔ အသိေပးခဲ့ပါတယ္။

သူမရဲ႕ဖခင္ျဖစ္သူဟာဆိုရင္ ၿပီးခဲ့တဲ့ရက္အေတာ္ၾကာေလာက္တုန္းက မေတာ္တဆမႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ေဆး႐ုံတက္ေရာက္ကုသေနခဲ့ရတာျဖစ္ၿပီး ခြဲစိတ္မႈငါးႀကိမ္တိုင္တိုင္ျပဳလုပ္ခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။ ဖခင္ျဖစ္သူမွာ အေရးေပၚေသြးလိုအပ္ေနတဲ့အတြက္ Taew က သူမရဲ႕အင္စတာဂရမ္ကေနတဆင့္ ေသြးအလႉခံတဲ့ပို႔စ္ကို ဇြန္လ ၃၀ ရက္ေန႔ မေန႔တုန္းကတင္ခဲ့ပါေသးတယ္။

ဒါေပမယ့္လည္း ကံတရားရဲ႕မ်က္ႏွာသာမေပးမႈေၾကာင့္ ဖခင္ျဖစ္သူကို ဒီေန႔မွာေတာ့ လက္လႊတ္ဆုံးရႈံးလိုက္ရၿပီျဖစ္ၿပီး သူမရဲ႕ဆုံးရႈံးမႈအတြက္ ထိုင္းအႏုပညာရွင္ေတြကေရာ၊ ပရိသတ္ေတြကပါ ဝမ္းနည္းေၾကကြဲေၾကာင္းဆိုထားၾကတာကို ေတြ႕ရပါတယ္။

Ref : Taew’s IG

Unicode

ထိုင်းနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ Taew Natapohn ရဲ့ဖခင်ဖြစ်သူဟာ ဒီနေ့ ဇူလိုင်လ ၁ ရက်နေ့မှာပဲ မတော်တဆဖြစ်မှုတစ်ခုကြောင့် ဆေးရုံမှာ ဘ၀တစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဒီအကြောင်းကို Taew က သူမရဲဲ့အင်စတာဂရမ်ကနေတဆင့် ပုံလေးတစ်ပုံနဲ့ အသိပေးခဲ့ပါတယ်။

သူမရဲ့ဖခင်ဖြစ်သူဟာဆိုရင် ပြီးခဲ့တဲ့ရက်အတော်ကြာလောက်တုန်းက မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံတက်ရောက်ကုသနေခဲ့ရတာဖြစ်ပြီး ခွဲစိတ်မှုငါးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူမှာ အရေးပေါ်သွေးလိုအပ်နေတဲ့အတွက် Taew က သူမရဲ့အင်စတာဂရမ်ကနေတဆင့် သွေးအလှူခံတဲ့ပို့စ်ကို ဇွန်လ ၃၀ ရက်နေ့ မနေ့တုန်းကတင်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ကံတရားရဲ့မျက်နှာသာမပေးမှုကြောင့် ဖခင်ဖြစ်သူကို ဒီနေ့မှာတော့ လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး သူမရဲ့ဆုံးရှုံးမှုအတွက် ထိုင်းအနုပညာရှင်တွေကရော၊ ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲကြောင်းဆိုထားကြတာကို တွေ့ရပါတယ်။

Ref : Taew’s IG

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.