ထိုင်းမလေးတွေရဲ့ အပြုအစုနဲ့ ဘုရင်ကြီးပွဲတော်တည်သလို စားသောက်နေရတဲ့ ပိုင်တံခွန်

Posted on

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာပါ တော်တော်လေး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ ထိုင်းပရိသတ်တွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ(၃)ရက်နေ့ကလည်း ပိုင်တံခွန်က သူ့ရဲ့ ပထမဆုံး Fan Meeting ပွဲကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်တွေကည်း ပိုင်တံခွန်ကို လိုလေသေးမရှိ ဧည့်ခံကြတာကို တွေ့ရပါတယ်။ ထိုင်းမလေးတွေက ပိုင်တံခွန်အတွက် နေ့လည်စာတစ်နပ်ကိုတောင် ဟင်းပွဲတွေ အများကြီးနဲ့ တည်ခင်းဧည့်ခံခဲ့တာပဲ ဖြစ်ပါတယ်။

ဘုရင်ကြီးတစ်ပါးလို နေ့လည်စာ စားနေတဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ ထိုငိးမလေးတွေရဲ့ ဧည့်ခံပြုစုမှုတွေနဲ့ တော်တော်လေး ဝလာမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။

Source: Paing Takhon’s fb
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.