ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Fan Meeting အတွက် ဘန်ကောက်ကို ရောက်ရှိနေပြီဖြစ်တဲ့ ပိုင်တံခွန်

Posted on

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာပါ တော်တော်လေး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်က မကြာခင်မှာလည်း ဘန်ကောက်မှာ Fan Meeting ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ နံနက်မှာတော့ ပိုင်တံခွန်က သူ့ရဲ့ ထိုင်းပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း ပိုင်တံခွန်ကို လေဆိပ်ထိ တကူးတက လာကြိုကြတာကို တွေ့ရပါတယ်။

ပရိသတ်တွေကလည်း လေဆိပ်ထိကို လာကြိုပြီး အားပေးကြတာနော်။

ပိုင်တံခွန်ရဲ့ ပထမဆုံးအကြိမ် Fan Meeting ကို လာမယ့် သြဂုတ်လ(၃) ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Century Park Hotel Ballroom မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ထိုင်းပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့မှာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ ဆုံတွေ့ရမှာမို့ ရင်ခုန်နေသလို ထိုင်းပရိသတ်တွေကလည်း ပိုင်တံခွန်နဲ့ နီးနီးကပ်ကပ်တွေ့ရဖို့ မစောင့်နိုင်ကြတော့ဘူး ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source: Paing Takhon FC Thailand
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.