ထိုင်ဝမ်၊ ကိုလံဘီယာစတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပရိသတ်တွေတောင် တမ်းတမ်းစွဲဖြစ်ရတဲ့အထိ အောင်မြင်နေတဲ့ မြန်မာ့ဂုဏ်ဆောင်မင်းသား ပိုင်တံခွန်

Posted on

မင်းသားချော ပိုင်တံခွန်က လတ်တလောမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုကိုတစ်ဦးဖြစ်နေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကို မြန်မာမလေးတွေသာမက ထိုင်းမလေးတွေပါ အားပေးဝန်းရံနေကြတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိကို ပေါက်ရောက်အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်တံခွန်က ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး Baifern Pimchanok နဲ့ ကြော်ငြာရိုက်ကူးနိုင်တဲ့အထိ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ပိုင်တံခွန်က အခြား ဂျပန်၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံက ပရိသတ်တွေအပြင် ကိုလံဘီယာ၊ ဘရာဇီးစတဲ့ အနောက်နိုင်ငံတွေအထိပါ ပေါက်ရောက်အောင်မြင်နေတာကို တွေ့ရပါတယ်။ နိုင်ငံရပ်ခြားက ပရိသတ်တွေက ပိုင်တံခွန်ရဲ့ ဓာတ်ပုံလေးတွေကို သူတို့ရဲ့ Instagram Story တွေမှာတင်ပြီး ပိုင်တံခွန်သတိထားမိခြင်းခံရအောင် ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ရိုးသားကြိုးစားမှုတစ်ခုတည်းနဲ့ အခုဆိုရင် အရမ်းဝေးလံတဲ့ နိုင်ငံတွေကတောင် သတိထားမိခြင်းခံနေရပြီိ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အနောက်နိုင်ငံတွေထိ ထိုးဖောက်ကျော်ကြားနေတဲ့ မြန်မာမင်းသားချော ပိုင်တံခွန်အတွက် ဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။

Source: Paing Takhon’s ig

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.