ထိတ်တန်းမင်းသမီးချောလေး နှစ်ယောက်ဖြစ်တဲ့ ဖွေးဖွေး နဲ့ ဝတ်မှုံရွှေရည် တို့ရဲ့ တစ်ပတ် အတွင်း ပွဲတက်ဖက်ရှင်များ

Posted on

နိုင်ငံကျော် မင်းသမီးချောလေး နှစ်လက်ဖြစ်တဲ့ အကယ်ဒမီ ဖွေးဖွေး နဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်တို့က တစ်ရက်ကြီး တစ်ရက်ငယ် ညီအစ်မတွေပဲ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည် က အခုလတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို ကိုယ်စီလုပ်ကိုင်နေကြပြီး ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေ လျက်ရှိပါတယ်။

ပရိသတ်တွေ အတွက် ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည် တို့ ညီအစ်မတွေ ရဲ့ အခုတစ်ပတ်အတွင်း တက်ရောက်ခဲ့တဲ့ ပွဲအခမ်းအနားမှ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ပြီးခဲ့တဲ့ ဇွန်လ(၂၉)ရက်နေ့ မှာတော့ ဖွေးဖွေး နဲ့ ဝတ်မှုံရွှေရည် တို့က ​ရွှေနန်း​တော်​ ၂၅ နှစ်​ပြည့်​ ​ငွေရတုပွဲကို တက်ရောက်ခဲ့ကြပါတယ်။

အတူတူ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ကို တစ်နေရာတည်းမှာ တွေရလို့ ပရိသတ်တွေလည်း တော်တော်လေး သဘောကျနေကြတာကို တွေ့ရပါတယ်။

ဇွန်လ (၃၀) ရက်နေ့မှာတော့ ရန်ကုန်မြို့ မြန်မာပလာဇာ မှာ ကျင်းပပြု လုပ်တဲ့ Hearty Heart Milk Tone up Essence Productသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ထိုပွဲကို ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့က ပန်းရောင်ဂါဝန်လေးတွေ ကိုယ်စီဝတ်ပြီး ချစ်စရာကောင်းနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေး က လက်ရှိမှာတော့ သူမရဲ့ ကျန်းမာရေး အခြေအနေကြောင့် ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်ကူးမှုကို ရပ်နားထားပေမယ့် အခြားသော ကြော်ငြာတွေ ရိုက်ကူးပေးပြီး၊ ပွဲအခမ်းအနားတွေ ကို တက်ရောက်ပေးနေလျက် ရှိပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မကတော့ အောင်မြင်မှုတွေ ကိုယ်စီ နဲ့ အနုပညာလောက မှာ ထွန်းလင်းတောက်ပနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည် တို့ ညီအစ်မကို ချစ်ရင် Like & Share လုပ်ဖို့ မမေ့ ပါနဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.