ထက်မြက်တဲ့ အမျိုးသမီးများ မကြာခဏ တွေ့ကြုံနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ

Posted on

ကျွန်တော်တို့တွေ တက်ကြွထက်မြက်တဲ့ အမျိုးသမီးတွေနဲ့ ဆုံတွေ့ရတဲ့အခါ ယုံကြည်ချက်ပြည့်ဝနေတဲ့ သူမတို့တွေရဲ့ ပုံသဏ္ဍာန်များက ကျွန်တော်တို့ကို အတော်လေး ခွန်အားဖြစ်စေပါတယ်။ အမြင်အားဖြင့်ဆိုရရင် အောင်မြင်တဲ့ အလုပ်ရှိခြင်း၊ ချစ်စရာကောင်းတဲ့ မိသားစုရှိခြင်း၊ ကျန်းမာသန်းစွမ်းခြင်း စတဲ့ အားကျချင်စရာကောင်းတဲ့ အကြောင်းတွေ ရှိနေကြလို့ပဲလို့ တွေးမိကြပါတယ်။ ဒါပေမယ့် သူမတို့တွေရဲ့ အပြုံးနောက်ကွယ်မှာ အကြောင်းကိစ္စတစ်ခုခုကြောင့် စိတ်ပိုင်းဆိုင်ရာ ကွဲကြေနေရတဲ့ အမျိုးသမီးများလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းတရားများက သူမတို့ရဲ့ပျော်ရွှင်မှုကို ယူထားကြလည်းဆိုတာ ဆက်လက်ဖတ်ရှုကြရအောင်။

 

အခြားသူတွေရဲ့ အကူအညီကို မလိုလားကြတဲ့ ထက်မြက်တဲ့ အမျိုးသမီးများက ကိုယ့်ကိုကိုယ် လိမ်ညာတတ်ကြပါတယ်။

 

လူတိုင်းရဲ့ ပြဿနာကို လိုက်ပါခံစားပေးပြီး လိုက်ပါ ဒုက္ခခံပေးကြပါတယ်။

 

သို့ပေမယ့် သူမတို့တွေရဲ့ ပြဿနာများကိုတော့ ဘယ်သူ့ဆီမှ မဝေမျှတတ်ဘဲ တစ်ဦးတည်း ကြိတ်ခံစားတတ်ကြပါတယ်။

 

အခြားသူတွေအတွက် ဂရုစိုက်ပေးတတ်တာကြောင့် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ မေ့လျော့နေတတ်ပါတယ်။

 

သူမတို့တွေရဲ့ ကြေကွဲစရာကောင်းတဲ့ ဘ၀ဇာတ်ကြောင်းတွေကို ဘယ်သူ့ကိုမှ ပြောမပြကြဘဲ တစ်ဦးတည်း ခံစားတတ်ကြပါတယ်။

 

ထိုကဲ့သို့ ပြဿနာများကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးများကိုပါ ဖြစ်ပေါ်လာကြပါတယ်။

 

အချို့သော နေ့များမှာ တစ်ဦးတည်း စိတ်ဓာတ်ကျကာ အလုပ်များကိုတောင် ပစ်ထားပြီး စိတ်နဲ့လူနဲ့ မကပ်အောင် ဖြစ်နေတတ်ကြပါတယ်။

Source : Brightside

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.