“ထက် ထက် မိုးဦးရဲ့ ဈေးရောင်း Live တွေ ကို ဝင်ကြ ည့်မိကာမှ ဖြစ် လာ တဲ့သူမရဲ့ ခံစားချက်တွေကို ဖွင့်ချလာခဲ့တဲ့ ပိုင်ဖြိုးသု”

Posted on

ပရိ သတ်ကြီးရေ တကျော့ပြန်လာသူ ကြော်ငြာမင်း သမီးလေး ထက်ထက်မိုးဦးကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ထက်ထက်မိုးဦးကတော့ ခေတ်တစ်ခေတ်ရဲ့ ရုပ်ရှင်အနုပညာလောကမှာ ပရိသတ်တိုင်းရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိခဲ့သူဖြစ်ပြီး အတော်ကြာ အနုပညာအလုပ်တွေနဲ့ ဝေးကွာ ခဲ့ပေမယ့် လက်ရှိမှာတော့ ကြော်ငြာမင်းသမီးရဲ့ ဂုဏ်ကို ပြန်ထိန်းနိုင်သူ တစ်ယောက်အဖြစ်နဲ့ တစ်ပတ်ပြန်လည်ကာ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်နော်.။

ထက်ထက်မိုးဦး ကြော်ငြာသမျှ ပစ္စည်းတိုင်းဟာ အံ့သြစရာကောင်းလောက်အောင် ရောင်းရကာ အားပေးသူ ပရိသတ်တိုင်းဟာလည်း ထက်ထက်ကို အကြိုက်ဆုံး Fan ပရိသတ်တွေပဲဖြစ်နေခဲ့ပါတယ်နော်.။ အရည်အသွေးကောင်း ပစ္စည်းမှန် ဈေးမှန်တွေကိုပဲ ပြသူ ထက်ထက်ရဲ့ Live ကို ကြည့်မိသူတိုင်းဟာ မဝယ်ဘဲ မနေနိုင်အောင် ထက်ထက်ရဲ့ အပြောတွေမှာ ကျရှုံးနေရတယ်လို့ ဆိုရမှာပါ.။

ဒီနေ့ အောက်တိုဘာလ (၂၂)ရက်နေ့မှာလည်း မင်းသမီးချော ပိုင်ဖြိုးသုတစ်ယောက် ထက်ထက်မိုးဦးရဲ့ လက်ဝတ်ရတနာရောင်းချတဲ့ Live ကို ကြည့်မိကာ မဝယ်ချင်ဘဲ မနေနိုင်အောင် ဖြစ်နေတဲ့သူမရဲ့ စိတ်ကို “မထက် Live လေး ဝင်ကြည့်မိတာ သူစကားပြောပုံလေး ချစ်လို့ပါဟယ်!!! ငဗစ်မလစ်မချင်းလည်း ဘာလက်ဝတ်လက်စားကြော်ငြာတွေ မပြပါနဲ့တော့ ဖေ့ဘုတ်ကြီးရယ် တော်ပါတော့ဟဲ့” ဆိုပြီး သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။

မင်းသမီး ပိုင်ဖြိုးသုကတော့ စီနီယာကျသူ မင်းသမီး ထက်ထက်မိုးဦးရဲ့ Live လွှင့်ကာ ရောင်းတဲ့ အပြောလေးတွေကြည့်ပြီး မဝယ်ဘဲ မနေနိုင်အောင် ဖြစ်နေကာ ချစ်မဝဖြစ်နေပုံပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Paing Phyoe Thu’s facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.