တရုတ်မင်းသမီး Zhang Ziyi က Song တို့ စုံတွဲကွာရှင်းတာ မှန်ကန်ကြောင်းပြောဆို

Posted on

ဒီနေ့မနက်ကမှ ကြားသိလိုက်ရတဲ့ Song စုံတွဲ ကွာရှင်းပြတ်စဲတဲ့ကိစ္စဟာဆိုရင် ပရိသတ်ကြီးနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အနုပညာရှင်တွေဟာ အံ့သြသင့်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကွာရှင်းတယ် ပြတ်စဲသွားပြီဆိုတဲ့ သတင်းတွေဟာလဲ အရင်ကတည်းကထွက်ရှိနေခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ အတည်တကယ် ကွာရှင်းလိုက်ကြ ပြီဖြစ်ပါတယ်။

စိတ်မကောင်းကြတဲ့သူတွေလဲ ရှိသလို ပျော်ရွှင်တဲ့သူတွေလဲရှိနေတာကို တွေ့ရှိရပါတယ်။ ခုဆိုရင်လဲ ကမ္ဘာကျော် တရုတ်မင်းသမီး Zhang Ziyi က ဆုံးဖြတ်ချက်က မှန်ကန်ကြောင်းပြောပြခဲ့ပါတယ်။

ကမ္ဘာကျော်မင်းသမီး Zhang က ” ကျွန်မ သူတို့ရဲ့ ရွှေးချယ်မှုကို လေးစားပါတယ် ပြီးတော့လဲ ခုလိုဆုံးဖြတ်ချက်ချတာမှန်ကန်တယ်လို့ ကျွန်မယုံကြည်ပါတယ် သူတို့နှစ်ယောက် ပျော်ရွှင်နေတဲ့ပုံကို ကျွန်မတွေ့မြင်ရမယ်ထင်ပါတယ် ” ဆိုပြီးရေးခဲ့ပါတယ်။

သူကအဲ့လိုပြောပေမဲ့ Song Joongki ရော Song Hyekyo နှစ်ယောက်လုံးရဲ့နာမည်ကိုထည့်သွင်းမရေးခဲ့ပါဘူး။ ဒါပေမဲ့လဲ ပရိသတ်ကြီးက သူတို့နှစ်ယောက်ကိုပဲပြောနေတယ်ဆိုတာ သိနေပါတယ်။ ၂၀၁၇ခုနှစ် အောက်တိုဘာလတုန်းက Song တို့ရဲ့မင်္ဂလာဆောင်ကိုလဲ မင်းသမီး Zhang Ziyi ကတက်ရောက်ခဲ့ဖူးပါတယ်။

Song တို့ဟာဆိုရင် “ Descendants of the Sun ” ဆိုတဲ့ကားထဲမှာ နှစ်ယောက်က စတင်တွေ့ရှိခဲ့ကာ အတူတူရိုက်ထားခဲ့တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေလဲ အဲ့ကားကို ကြည့်ပြီးကြိုက်နှစ်သက်ကြကာ သူတို့အတွဲကိုလဲ သဘောကျနှစ်သက်ခဲ့ကြပါတယ်။

ဒါပေမဲ့လဲ ခုချိန်မှာ ကွာရှင်းလိုက်ပြီဆိုတော့ မယုံနိုင်လောက်အောင်ဖြစ်နေရပါတယ်။ သူတို့နှစ်ယောက်ကွာရှင်းရတဲ့ အကြောင်းကိုလဲ မင်းသမီး Song Hyekyo က သူမရဲ့ အေဂျင်စီကနေ တစ်ဆင့်ပြောပြခဲ့ပြီကာ Song Joongki ဘက်က အရင်ကွာရှင်းစာချုပ် ဖြည့်ခဲ့တာဖြစ်ပါတယ်။

Source : Soompi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.