Unicode
ပရိသတ်ကြီးရေ မော်ဒယ် သရုပ်ဆောင် အောင်လေးကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ အောင်လေးကတော့ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ပေမယ့် အသားဖြူကာ ချောသန့်တဲ့ ရုပ်ရည်ကြောင့် ကိုရီးယားမင်းသားတွေလို ကြည့်ကောင်းသူတစ်ယောက်ဆိုရင် မှားမယ် မထင်ပါဘူး.။
နှုတ်ခမ်းနီမလေးတွေ ကြားမှာ ရေပန်းစားသူ အောင်လေးကတော့ မော်ဒယ် တစ်ယောက်အနေနဲ့ ကြည့်ကောင်းပြီး သန့်ပြန်သလိုပဲ MTV များစွာကိုလည်း ရိုက်ကူးနေရသူ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါသေးတယ်.။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေရပေမယ့် အားလပ်ချိန်တွေကို သူငယ်ချင်းတွေနဲ့ မိသားစုတွက်ကိုသာ အချိန်ပေးဖြစ်သူပါ.။
အချိန်ရှိတိုင်း ချစ်ရသူတူမလေးနဲ့လည်း အချိန်ဖြုန်းတတ်သူ အောင်လေးကတော့ တူမငယ်လေး မွေးချိန်တည်းက သည်းသည်းတုန်အောင်ကို ချစ်တတ်သူ ဦးလေးတစ်ယောက်ပါနော်.။ ဒီကနေ့မှာလည်း အောင်လေးက ချစ်စရာကောင်းတဲ့ သူ့ရဲ့ တူမလေး ပုံလေးနဲ့အတူ “ရုပ်ကိုက ” ဆိုပြီး သူ့ရဲ့ My Day မှာ တင်လာခဲ့ပတယ်..။
အောင်လေးရဲ့ တူမလေး ကလည်းတစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလွန်းလို့ ဦးလေးဖြစ်သူ ချစ်ရတာလည်းအဆိုးမဆို သာပါဘူးနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Aung Lay\s Facebook