တီဗွီဖန်သားပြင်မှာ နောက်ထပ်တစ်ဖန်အတူပြန်လည်မြင်တွေ့ကြရဦးမယ့် Yeo Jin Goo နဲ့ IU

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်လည်းဖြစ် သရုပ်ဆောင်လည်းဖြစ်တဲ့ IU ဟာဆိုရင် ပြီးခဲ့တဲ့နှစ်တုန်းက “Hotel Del Luna” ဇာတ်လမ်းတွဲမှာ သူမနဲ့အတူလိုက်ဖက်ညီစွာသရုပ်ဆောင်ခဲ့တဲ့ မင်းသား Yeo Jin Goo နဲ့ တီဗွီအစီအစဉ်တစ်ခုမှာ ပြန်လည်ဆုံတွေ့ကြမှာဖြစ်တယ်လို့ ဇွန်လ ၃၀ ရက်နေ့က ထွက်ရှိခဲ့တဲ့သတင်းတွေအရသိရပါတယ်။

သတင်းတွေအရဆိုရင် IU ဟာ Yeo Jingoo, Sung Dongil နဲ့ Kim Heewon တို့ တင်ဆက်သူတွေအဖြစ်ရိုက်ကူးလျှက်ရှိတဲ့ ‘House on Wheels’ အစီအစဉ်မှာ ဧည့်သည်အဖြစ်နဲ့ပါဝင်သွားဖို့ အတည်ပြုလိုက်ပြီဖြစ်ပြီး အဆိုပါအစီအစဉ်ဟာဆိုရင် လွတ်လပ်ပေါ့ပါးတဲ့လူနေထိုင်မှုဘ၀ပုံစံကို ရိုက်ကူးထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ဧည့်သည်တွေအဖြစ်ပါဝင်ကြခဲ့ကြတဲ့သူတွေအတော်များများဟာ နာမည်ကြီးထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အများအပြားရရှိထားတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး အခုတစ်ပတ် IU ပါဝင်လာမယ့်အပိုင်းကတော့ အဆိုပါတီဗွီအစီအစဉ်ကို လူစိတ်ဝင်စားမှုပိုမိုမြင့်တက်လာစေမယ့်အပိုင်းဖြစ်မယ်လို့ ဆိုထားကြပါတယ်။

Ref : KStarLive

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.