တိုင်းသိပြည်သိ အရှက်ကွဲခဲ့တဲ့ MasteChef က ဖြစ်စဉ်အတွက် ထွန်းကျော်ဦးရဲ့ ခံစားချက်စကားများ

Posted on

MasterChef Myanmar Season 2 မှာ မနေ့ည က ဒိုင်တွေရဲ့ ပစ်ပစ်နှစ်နှစ်ဝေဖန်ခြင်း ကိုခံခဲ့ရတဲ့ မန္တလေးသားလေးထွန်းကျော်ဦးကို ပရိသတ်က အသနားပိုခဲ့ကြတာပါ။ MasterChef Myanmar Season 2 အစီအစဉ်ကို ဇူလိုင်လ (၁၄) ရက်နေ့ ည (၇) နာရီအချိန်မှာ စတင်ပြသခဲ့တာ ဖြစ်ပြီး ဟင်းချက်ဝါသနာရှင်ပေါင်းများစွာက သူတို့ရဲ့ အရည်အချင်းများကို အစွမ်းကုန် ထုတ်သုံးကာ ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာ ကိုတွေ့ခဲ့ရပေမယ့် အသက်(၁၉)နှစ် သာရှိသေးတဲ့ ထွန်းကျော်ဦး ကို အားမနာတမ်းဝေဖန်ခဲ့တဲ့ အတွက် ကြည့်ရှုသူတွေပေါက်ကွဲခဲ့ကြတာပါ။

ထွန်းကျော်ဦးရဲ့လူမှုကွန်ရက်စာမျက်နှာမှာအဆိုပါဖြစ်ရပ်အတွက်ငိုချင်စိတ်ကိုတောင်မနည်းထိန်းထားပီးမှ တော်တော်လေးအားတင်းထားခဲ့ရပါတယ် !!ဆက်ပီးတော့ကြိုးစားနေမှာပါ!!!
အားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ် !!!လို့ရေးသားထားတာကိုတွေ့ရပါတယ်။ ပြိုင်ပွဲအတွင်းခံစားရမှုတွေကိုလည်း “ပျော်လို့တောင်မဆုံးသေးဘူးဗျာ !!!!ထိပ်ဝကနေပိတ် ရိုက်ချ တယ် !!!ချက်ချင်းကို ထိုင်ငိုလိုက်ချင် တယ် !!!ကျနော့်ဘက်က ရပ်တည်ပေးခဲ့ကြသော အကိုတေ အမတေ ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ!!!ဝမ်းနည်းမိတာတော့အမှန်ပါပဲ !!”တကယ်ကိုယူကြုံးမရ ဖြစ်မိခဲ့ရပါတယ် ၊ ဝမ်းနည်းဝမ်းသာဖြစ် ရပါတယ် !!!” လို့ရေးသားထားသေးတာပါ ။ အသက်(၁၉)နှစ်သာရှိသေးတဲ့ ထွန်းကျော်ဦးက တော့ မနေ့ က ပြိုင်ပွဲကနေနှုတ်ထွက်လိုက်ရတဲ့ ကိုရှိုးသော်ဇင် ကို အားပေးကြဖို့ပြောပြထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း စိတ်ထားဖြူစင်လှတဲ့ ထွန်းကျော်ဦးကို အားပေးစကားပြောခဲ့ကြပါဦး ။

Source – Tun Kyaw Oo
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.