အဆိုတော် သရုပ်ဆောင်မလေး ပိုပို ဟာ ပြည်သူချစ် အနုပညာရှင် တစ်ဦးဖြစ်ပြီး အလှူအတန်း ခဏခဏပြုလုပ်တတ် သူလေးလည်းဖြစ်ပါတယ်။ ပိုပိုဟာ မိဘတွေ မရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူ တစ်ဦးလည်းဖြစ်ပါတယ်။
သူ့ဘ၀ အကြောင်းကိုလည်း ပရိသတ်တွေ ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်ပါတယ်။ ပရိသတ် အခိုင်အမာရရှိထားပြီး သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေး နှစ်သက်သဘောကျကြတာ ပဲဖြစ်ပါတယ်။
သူမ လူမှုကွန်ရက် စာမျက်နှာကနေ သူမအလှူများကို မကြာခဏ ဖော်ပြလေ့ရှိပြီး သူမအလှူဒါနများကို မျှဝေလေ့ရှိပါတယ်။ သူမဟာအခုထိ ချစ်သူမရှာသေးဘဲ တစ်ယောက်ထဲ Single အဖြစ်နဲ့ရပ်တည်နေတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း သူမရဲ့အချစ်ရေးကို စိတ်ဝင်တစား သိချင်နေကြတာပဲ ဖြစ်ပါတယ်။ ချစ်တဲ့ပရိသတ် တစ်ချို့ကတောင် အပျို ကြီးပိုပိုဆိုပြီး စနောက်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်ပိုပိုကတော့ ဘယ်သူဘာပြောပြော တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နဲ့ အချုပ်အနှောင်မခံဘဲ ချစ်သူမထားသေးတာပဲ ဖြစ်ပါတယ်။
လတ်တလော မှာတော့ သူမရဲ့လူမှုကွန်ရက်ကနေ ”Crush ကို အလင်းပြလိုက်ပြီ(နောက်တာနောက်တာ) ဆိုပြီး အလင်းပြလိုက်တဲ့သူကတော့ သရုပ်ဆောင်မော်ဒယ်လ်မြတ်သူအောင်ပဲ ဖြစ်ပါတယ်။ တိတ်တခိုးလေးနဲ့ နင့်ကိုငါချစ်တယ်ဆိုတဲ့ စာသားလေးနဲ့ TikTok လေးကို ဆော့ထားကြတာ ဖြစ်ပြီး ပရိသတ်ကို စနောက်လိုက်တာပဲ ဖြစ်ပါတယ်။ မြတ်သူအောင်ကတော့ ပိုပို့သီချင်းတွေမှာ သရုပ်ဆောင်အဖြစ်ပါဝင် တတ်ပြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော စနောက်လိုက်တဲ့ TikTok လေးကို ကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်