“တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ရန်ကုန်မြို့ရဲ့ပုံရိပ်တွေကိုကြည့်ကာအရမ်းဝမ်းနည်းမိတယ်ဆိုတဲ့ အောင်လေး”

Posted on

ပရိသတ်ကြီးရေ အောင်လေးကတော့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲကြိုက်ကြတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ချောမောသန့်ပြန့်တဲ့ရုပ်ရည်နဲ့ ထိုင်းမင်းသားတစ်ဦးလားလို့တောင်အထင်မှားရလောက်တဲ့ တကယ့်ကို ချောလွန်းတဲ့မင်းသားတွေထဲကတစ်လက်ပါနော်။

သရုပ်ဆောင်ရာမှာလည်းပီပြင်ကာ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ေဲ့တက်သစ်စမင်းသားတွေထဲက အလားအလာရှိတဲ့ သူတစ်ယောက်ဆိုလည်းမှားနိုင်မယ်မထင်ပါဘူး ။ အမြဲသူ့ရဲ့ပရိသတ် Fanတွေအပေါ်မှာလည်း ပွင့်လင်းဖော်ရွေကာ ပရိသတ်တွေအတွက်သူ့ရဲ့ ခံစားချက်နဲ့ လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာ ကနေဖော်ပြလေ့ရှိသူပါ။

လက်ရှိမှာလည်း “သောက်ရမ်းတွေ ဝမ်းနည်းနေပါပြီ 🥺 ဒီလိုမြင်ကွင်းမျိုးဘယ်တုန်းကမှမြင်ဘူးချင်ခဲ့တာမဟုတ်ဘူး.. အရင်လိုအမြန်ဆုံးပြန်ဖြစ်ဖို့ အားလုံးပဲ တတ်နိုင်သလောက်အိမ်ထဲမှာနေကြပါ Fighting Yangon😔😢🙏🏻🥺 ဒိုးပါတော့ ကိုဗစ်ရယ်တောင်းပန်ပါတယ် ”ဆိုတဲ့စာလေးနဲ့လတ်တလောမှာ ဖြစ်ပွားမှုနှုန်းအရမ်းကိုမြင့်တက်နေတဲ့ Covid 19နဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကိုပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Aung Lay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.