တ်ာရုံလူ မကနိုင်တဲ့အရာလေးကို ဟန်ပန်အပြည့်နဲ့ မိမိုက်စွာ ကပြလာတဲ့ မိုးယုစံရဲ့ ဗီဒီယိုဖိုင်

Posted on

ကျရာဇာတ်ရုပ်ပုံစံမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ မော်ဒယ်မင်းသမီးချောလေး မိုးယုစံကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်နော်။ မိုးယုစံကတော့ အိမ်ထောင်ကျပြီးကတည်း အနုပညာလုပ်ငန်းတွေကို ရပ်နားထားပေမယ့် ပရိသတ်တွေရဲ့ အချစ်ကိုတော့ အခိုင်အမာရရှိထားလျက်ရှိပါတယ်။ သူမဟာဆိုရင် ချစ်စရာကောင်းလွန်းတဲ့သားလေးနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

မိုးယုစံကတော့ ဒုတိယရင်သွေးလွယ်ထားရပေမယ့်လည်း မိသားစုကို အချိန်ပေးရင်း သာယာတဲ့နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ အရွယ်နှင့်မလိုက်အောင် သားလေးရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ သူမအားလပ်ချိန်တိုင်း ဆော့ထားတဲ့ Tik Tokလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ မိုးယုစံက”ကိုယ်အရမ်းသဘောကျတဲ့ finger dance မတင်တာကြာလို့ မဗိုက်ကလေး ကကြည့်တာ”လို့ဆိုပြီး ဘယ်သူလွယ်လွယ်ကူကူမလုပ်နိုင်တဲ့ Finger Danceလေး ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

မိုးယုစံရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပရိသတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source…Moe Yu San’s Facebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.