တရားရုံးကို လာရောက်ထွက်ဆိုမယ့် Victoria လေးရဲ့ ဓာတ်ပုံတွေ မတင်ကြဖို့ လူမှုစည်းကမ်းအရ စောင့်ထိန်းပါ ဆိုတဲ့ ချစ်သုဝေ

သမီးလေး Victoria ရဲ့ အမှုကို ရုံးတင်စစ်ဆေးနေပြီဖြစ်ပြီး သမီးလေးနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ သမီးလေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ မတင်ကြဖို့ မေတ္တာရပ်ခံချက်ကို ချစ်သုဝေက လက်ခံထောက်ခံခဲ့ပါတယ်။ ဒါဟာ စောင့်ထိန်းရမယ့် လူမှုစည်းကမ်းပဲလို့လည်း ဆိုခဲ့ပါတယ်။

Photo : Chit Thu Wai

Htet Nay Lin Oo ဆိုတဲ့ အကောင့်က မေတ္တာရပ်ခံ ပန်ကြားချက်ကို အခုလို ရေးသားခဲ့ပါတယ်။

“မေတ္တာရပ်ခံ ပန်ကြားချက် *******************

သမီးလေး ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ မိသားစုဝင်တွေနဲ့ အထူးသဖြင့် သမီးလေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မတင်ဖို့ မီဒီယာတွေကို (ကျွန်တော်တို့ တောင်းဆိုခွင့်ရှိတာထက်ကျော်လွန်ပြီး) တောင်းပန်ချင်ပါတယ်။

အကယ်၍များ တင်လာခဲ့ရင်လည်း အဲဒီ ဓာတ်ပုံတွေကို မရှယ်ဖို့ ဖေ့စ်ဘုတ်သုံးစွဲသူများကိုလည်း မေတ္တာရပ်ခံလိုပါတယ်။

ဒီအချက်ဟာ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းရဲ့ စာနာမှု၊ လူသားဆန်မှု မှတ်ကျောက်တစ်ခု ဖြစ်လာမှာပါ။ သမီလေး အနာဂတ်အတွက် ဒါလေးတော့ ဝိုင်းဝန်းကူညီပေးပါ။” ဆိုပြီး မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။

Photo : Original Uploader

ထိုမေတ္တာရပ်ခံချက် စာသားလေးကို ချစ်သုဝေက ပြန်လည်မျှဝေလိုက်ပြီး သတိပေးစရာမလိုအောင် စောင့်ထိန်းရမယ့် လူမှုစည်းကမ်းပဲ လို့ ဒဲ့ကို ဆိုလိုက်ပါတယ်။

“မေတ္တာရပ်ခံပန်ကြားချက်….အမှန်ကတော့ သတိပေးစရာမလိုအောင်စောင့်ထိန်းရမယ့်လူမှုစည်းကမ်းပဲ!!!” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ပရိသတ်များစွာကလည်း ထိုသို့မပြုလုပ်သင့်ကြောင်း ထောက်ခံရေးသားခဲ့ကြပါတယ်။

Photo : Chit Thu Wai

Victoria လေးရဲ့ အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် ကူညီပေးနေကြသူတွေထဲမှာ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကလည်း ကိုယ်တိုယ်ကိုယ်ကျ ရေဆုံးမြေဆုံးအထိ လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Photo :  ALinn Young

Source : Htet Nay Lin Oo , Chit Thu Wai

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.