ပရိ သတ္ႀကီးေရ စမိုင္းလ္ကေတာ့ အႏုပညာမ်ိဳး႐ိုးရွိတဲ့ မင္းသမီးတစ္လက္ပါပဲေနာ္။ အိမ္ေထာ င္က်ၿပီးတဲ့ေနာက္ႏိုင္ငံျခားမွာအျခခ်ကာ အႏုပညာအလုပ္ေတြရပ္နားခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ျမန္မာျပည္မွာပဲေနထိုင္ကာ အႏုပညာအလုပ္ေတြျပန္လည္လုပ္ကိုင္ေနၿပီပဲ ျဖစ္ပါတယ္။
အလႉအတန္းအၿမဲရက္ေရာတတ္တဲ့ စမိုင္းလ္ကေတာ့ ဘာသာေရးမွာလည္း အထူးအေလးထားကာ ျပဳလုပ္တဲ့ မင္းသမီးတစ္လက္ျဖစ္ၿပီး အခုလို Covid ကာလမွာလည္း တေန႔တမ်ိဳးမ႐ိုးရေအာင္ လႉဒါန္းမႈေတြဆက္တိုက္ျပဳလုပ္ေနသူေလးပါ။ ခ်စ္စရာေကာင္းတဲ့သမီးႏွစ္ေယာက္နဲ႔ ခုခ်ိန္ထိသည္းသည္းလႈပ္ခ်စ္ခင္ေပးတဲ့ အမ်ိဳးသားခင္ပြန္းကိုလည္းပိုင္ဆိုင္ထားပါေသးတယ္။
ဒါ့အျပင္”ယေန႔လျပည့္ေန႔တြင္ မရည္႐ြယ္ပဲမေမွ်ာ္မွန္းပဲ သစ္တံခါးဆရာေတာ္ဘုရားေက်ာင္းေဆာက္ရန္အတြက္ေနာက္ထပ္အလႉေငြ သိန္း ( ၅၀၀ ) က်ပ္လႉဒါန္းခဲ့ၿပီး ျမဝတီၿမိဳ႕တြင္ပံ့သကူပစ္ရန္ ( ၅သိန္း ) ကိုအြန္လိုင္းကေနပဲလႉဒါန္းကုသိုလ္ျပဳခဲ့ပါတယ္🙏🏼ဆယ္ျပည့္ေအာင္ ၅၀၅ သိန္းလႉဒါန္းကုသိုလ္ျပဳခဲ့ပါတယ္။ လူတိုင္းကိုကူညီဆယ္မႏိုင္တဲ့မိသားစုျဖစ္ပရေစဘုရား🙏🏼”ဆိုတဲ့စာေလးနဲ႔ သူမတို႔မိသားစုရဲ႕အလႉေလးကို ေဝမွ်ခဲ့တာပါ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source:Smile -စမိုင္းလ္
Unicode
ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ အနုပညာမျိုးရိုးရှိတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ အိမ်ထောင်ကျပြီးတဲ့နောက်နိုင်ငံခြားမှာအခြချကာ အနုပညာအလုပ်တွေရပ်နားခဲ့ပေမယ့် အခုချိန်မှာတော့ မြန်မာပြည်မှာပဲနေထိုင်ကာ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
အလှူအတန်းအမြဲရက်ရောတတ်တဲ့ စမိုင်းလ်ကတော့ ဘာသာရေးမှာလည်း အထူးအလေးထားကာ ပြုလုပ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အခုလို Covid ကာလမှာလည်း တနေ့တမျိုးမရိုးရအောင် လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေသူလေးပါ။ ချစ်စရာကောင်းတဲ့သမီးနှစ်ယောက်နဲ့ ခုချိန်ထိသည်းသည်းလှုပ်ချစ်ခင်ပေးတဲ့ အမျိုးသားခင်ပွန်းကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။
ဒါ့အပြင်”ယနေ့လပြည့်နေ့တွင် မရည်ရွယ်ပဲမမျှော်မှန်းပဲ သစ်တံခါးဆရာတော်ဘုရားကျောင်းဆောက်ရန်အတွက်နောက်ထပ်အလှူငွေ သိန်း ( ၅၀၀ ) ကျပ်လှူဒါန်းခဲ့ပြီး မြဝတီမြို့တွင်ပံ့သကူပစ်ရန် ( ၅သိန်း ) ကိုအွန်လိုင်းကနေပဲလှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်🙏🏼ဆယ်ပြည့်အောင် ၅၀၅ သိန်းလှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်။ လူတိုင်းကိုကူညီဆယ်မနိုင်တဲ့မိသားစုဖြစ်ပရစေဘုရား🙏🏼”ဆိုတဲ့စာလေးနဲ့ သူမတို့မိသားစုရဲ့အလှူလေးကို ဝေမျှခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source:Smile -စမိုင်းလ်