ပရိသတ်အချစ်တော် အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ချစ်စရာကောင်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုကို စိတ်တူကိုယ်တူ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက စိတ်တူကိုယ်တူရှိပြီး တစ်ယောက်နဲ့ သဘောထားကို တစ်ယောက် အပြည့်အဝ နားလည်ပေးနိုင်တာကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးက အခုအချိန်ထိ အထစ်အငေါ့မရှိပဲ သာယာအေးချမ်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သာယာအေးချမ်းပြီး ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကို အားမကျပဲနဲ့ကို မနေနိုင်ပါဘူး။
ဘာသာရေး၊ ကုသိုလ်ရေးနဲ့ ပက်သတ်ပြီးလည်း စိတ်တူကိုယ်တူရှိတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အခါကြီးရက်ကြီးနေ့တွေမှာလည်း အလှူအတန်းတွေကို မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာလည်း ရွှေထူးတို့ ဇနီးမောင်နှံက ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓလေ့ထုံးစံအတိုင်း ပံ့သကူအလှူလေးပြုလုပ်ဖို့ ငွေကျပ် တစ်သောင်းတန်တွေကို စာအိတ်လေးထဲ ထည့်ပြီး ပြင်ဆင်နေကြတာကို အခုလိုပဲ တွေ့ရပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ တစ်သောင်းတန်တွေအများကြီးနဲ့ ပံ့သကူအလှူပြုလုပ်ကြမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဘယ်လိုအလှူတွေပြုလုပ်ကြမလဲဆိုတာ ပြောပြခဲ့ဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Shwe Mhone Yati ‘s fb
zawgyi
ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္ ႏွစ္ေယာက္ျဖစ္တဲ့ ေရႊထူးနဲ႔ ေရႊမႈံရတီက ခ်စ္စရာေကာင္းၿပီး ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္တစ္ခုကို စိတ္တူကိုယ္တူ တည္ေဆာက္ထားတာျဖစ္ပါတယ္။ ေရႊထူးနဲ႔ ေရႊမႈံရတီက စိတ္တူကိုယ္တူရိွျပီး တစ္ေယာက္နဲ့ သေဘာထားကို တစ္ေယာက္ အျပည့္အဝ နားလည္ေပးနိုင္တာေၾကာင့္ သူတို့နွစ္ေယာက္ရဲ့ အိမ္ေထာင္ေရးေလးက အခုအခ်ိန္ထိ အထစ္အေငါ့မရိွပဲ သာယာေအးခ်မ္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း သာယာေအးခ်မ္းျပီး ၾကည္နူးစရာေတြနဲ့ ျပည့္နွက္ေနတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ရဲ့ အိမ္ေထာင္ေရးကို အားမက်ပဲနဲ့ကို မေနနိုင္ပါဘူး။
ဘာသာေရး၊ ကုသိုလ္ေရးနဲ့ ပက္သတ္ျပီးလည္း စိတ္တူကိုယ္တူရိွတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီက အခါၾကီးရက္ၾကီးေန့ေတြမွာလည္း အလွဴအတန္းေတြကို မၾကာခဏဆိုသလို ျပဳလုပ္ေလ့ရိွတာပဲ ျဖစ္ပါတယ္။ ဒီကေန့ တန္ေဆာင္မုန္းလျပည့္ေန့ေလးမွာလည္း ေရႊထူးတို့ ဇနီးေမာင္နွံက ဗုဒၶဘာသာဝင္တို့ရဲ့ ဓေလ့ထံုးစံအတုိင္း ပံ့သကူအလွဴေလးျပဳလုပ္ဖို့ ေငြက်ပ္ တစ္ေသာင္းတန္ေတြကို စာအိတ္ေလးထဲ ထည့္ျပီး ျပင္ဆင္ေနၾကတာကို အခုလိုပဲ ေတြ့ရပါတယ္။
ေရႊထူးနဲ့ ေရႊမႈံရတီကေတာ့ တန္ေဆာင္မုန္းလျပည့္ေန့မွာ တစ္ေသာင္းတန္ေတြအမ်ားၾကီးနဲ့ ပံ့သကူအလွဴျပဳလုပ္ၾကမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ ဒီကေန့ တန္ေဆာင္မုန္းလျပည့္ေန့မွာ ဘယ္လိုအလွဴေတြျပဳလုပ္ၾကမလဲဆိုတာ ေျပာျပခဲ့ဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Shwe Mhone Yati ‘s fb