Source: Myat Lay
Unicode
ပရိသတ်ကြီးရေ အေးမြတ်သူကတော့ အမြဲပွင့်ပွင့်လင်းလင်းသွက်သွက်လက်လက်နဲ့ ပရိသတ်တွေကို လည်းဖော်ရွေဂရုစိုက်သူလေးတစ်ယောက်ပါ။ ကျရာဇာတ်ရုပ်တွေကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့သူဆိုလည်း မမှားပါဘူးနော်။ချစ်စရာပါးချိုင့်လေးနဲ့ ပုရိသတွေသာမက မိန်းမသားထုကြီးကပါအချစ်ပိုရသူလေး ဖြစ်တဲ့ အေးမြတ်သူကတော့ ဘယ်လိုကာရိုက်တာကို မဆို ဒေါင်ကျကျ ပြားကျကျ သရုပ်ဆောင်နိုင်သူတစ်ဦးလို့ ကောက်ချက်ချရမှာပါနော်။
သူမရဲ့အချစ်ရေးကတော့ အခုချိန်ထိ အပျိုကြီး ဘဝနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေသူတစ်ဦးပါနော်။ ချစ်စရာကောင်းတဲ့ မျက်နှာချိုချိုလေးကိုပိုင်ဆိုင်ထားရုံသာမက အချိုးအဆစ်ကျပြီး ကျစ်လျစ်တဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေရဲ့ စိတ်ကူးထဲကသတို့သမီးလေးလို့တောင် တင်စားရမှာပါ။
ဒီနေ့မှာတော့ ”တန်ဆောင်မုန်းလပြည့်ည .က ကုသိုလ်တွေနဲ့ပြည့်စုံသွားပြီရှင့်…..🙏🏼🙏🏼🙏🏼🥰ညီအမတွေ ….ညနေကတည်းကတက်ညီလက်ညီ ကိုယ်ထူကိုယ်ထ လုပ်ရင်း လှူဖြစ်တဲ့ အလှူလေးပါ။ကုသိုလ်စိတ်နဲ့ ပျော်ရွှင်ခဲ့ရသော အလှူ လေး၇ရက်သားသမီး ..ကုသိုလ်စိတ်နဲ့ ကောင်းမှု့အတွက် မုဒိတာပွားရန်ရည်သန်ပါသည်ရှင်” ဆိုတဲ့စာလေးနဲ့ လပြည့်ညအမှတ်တရပုံရိပ်လေးကိုတင်လာခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Myat Lay