Unicode
ပြည်သူချစ်အနုပညာရှင် နှစ်ယောက်ဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ အကယ်ဒမီဆုကြီးတွေကို အသီးသီးပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသား၊ မင်းသမီး ဖြစ်ကြပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ သမီးကြီး ပြေသုဒြာနဲ့ သားလေး ပြေဓီရဆိုတဲ့ ကလေးနှစ်ယောက်ကို မွေးဖွားထားပြီး အနုပညာအလုပ်တွေလုပ်ကိုင်သလို သားနဲ့သမီးအတွက်လည်း တာဝန်ကျေတဲ့ မိဘကောင်းတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကိုချစ်ကြသလို ပြေသုလေးနဲ့ ဖိုးဓီလေးကိုလည်း ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။
မနေ့က တန်ဆောင်မုန်းလပြည့်နေ့မှာတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက သမီးကြီး ပြေသုနဲ့ သားငယ်လေး ဖိုးဓီတို့ကိုပါခေါ်ပြီး ကားတစ်စီးနဲ့ တစ်မြို့လုံးအနှံ့ ပံ့သကူအလှူလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ မိသားစုလေးရဲ့ တန်ဆောင်မုန်းလပြည့်နေ့ည ဖြတ်သန်းပုံ အမှတ်တရလေးကို အခုလိုပဲ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပီပီ တန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူအလှူလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြေတီဦးတို့ ဇနီးမောင်နှံရဲ့ တန်ဆောင်မုန်းလပြည့်နေ့ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Eaindra Kyaw Zin’s fb