တော်ရုံအမျိုးသမီးတွေတောင် မလုပ်နိုင်တဲ့ ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးပြီး Catwalk လျှောက်တတ်တဲ့ ဖိလစ်ပိုင်လူမျိုး Sinon Loresca ကတော့ သူ့ရဲ့ အမိုက်စား ဗီဒီယိုတွေကြောင့် တစ်ကမ္ဘာလုံးသိအောင် ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Sinon Loresca ကတော့ အလုပ်ကိစ္စတစ်ခုနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ရာမှ မြန်မာလူမျိုးတွေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်တောင်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ နှလုံးသားလှပြီး ကြင်နာတတ်တဲ့ Sinon Loresca ကတော့ မြန်မာပြည်မှာနေပြီး အခက်အခဲဖြစ်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ လူမျိုးခြားတစ်ယောက်ပါပဲ။
ဒီကနေ့မှာလည်း Sinon Loresca က တန်ဆောင်တိုင်လပြည့်နေ့မှာ လျှောက်လည်ကြတဲ့ မြန်မာတွေရဲ့ စည်းကမ်းမဲ့အမှိုက်တွေကို လိုက်ကောက်ခဲ့ရကြောင်း “တန်ဆောင်တိုင်လပြည့်နေ့ပီးတော့ လူတွေက အမှိုက်တွေကို ပီးစလွယ်နေရာအနှံ စွန့်ပစ်သွားကြတယ်။ ကျွန်တော် အမှိုက်ကောက်ဖို့မတိုက်တွန်းလိုပါဘူး။ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ အမှိုက်တွေကို သေချာစနစ်တကိအမှိုက်ပုံးတွေ ထဲစွှန့်ပစ်ကြဖို့မေတ္တာ ရပ်ခံပါတယ်ခင်ဗျာ။ သဘာဝတရားကြီးကို လေးစားပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ!” ဆိုပြီး အမှိုက်တွေကို စည်းကမ်းတကျပစ်ဖို့ တိုက်တွန်းထားပါတယ်။
Sinon Loresca ကတော့ လူမျိုးခြားတစ်ယောက်ဖြစ်ပေမယ့် လမ်းပေါ်မှာ အမြင်မတော်ဖြစ်နေတဲ့ အမှိုက်တွေကို လိုက်ကောက်ပြီး သန့်ရှင်းစေခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ့်လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားတစ်ယောက်က ဒီလိုမျိုးလိုက်လုပ်ပေးနေတယ်ဆိုတာ တကယ့်ကို ရှက်စရာကောင်းတဲ့ ကိစ္စမို့ စည်းကမ်းရှိကြဖို့ တိုက်တွန်းပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Sinon Loresca ‘s fb
zawgyi
ေတာ္႐ုံအမ်ိဳးသမီးေတြေတာင္ မလုပ္ႏိုင္တဲ့ ေဒါက္ဖိနပ္အျမင့္ႀကီးေတြစီးၿပီး Catwalk ေလွ်ာက္တတ္တဲ့ ဖိလစ္ပိုင္လူမ်ိဳး Sinon Loresca ကေတာ့ သူ႔ရဲ႕ အမိုက္စား ဗီဒီယိုေတြေၾကာင့္ တစ္ကမာၻလုံးသိေအာင္ ထင္ရွားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ Sinon Loresca ကေတာ့ အလုပ္ကိစၥတစ္ခုနဲ႔ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့ရာမွ ျမန္မာလူမ်ိဳးေတြနဲ႔ ျမန္မာႏိုင္ငံမွာ ေနထိုင္ခဲ့တာ အခုဆိုရင္ တစ္ႏွစ္ေက်ာ္ေတာင္ရွိသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ႏွလုံးသားလွၿပီး ၾကင္နာတတ္တဲ့ Sinon Loresca ကေတာ့ ျမန္မာျပည္မွာေနၿပီး အခက္အခဲျဖစ္ေနသူေတြကို တတ္ႏိုင္သေလာက္ ကူညီေပးေနတဲ့ လူမ်ိဳးျခားတစ္ေယာက္ပါပဲ။
ဒီကေန႔မွာလည္း Sinon Loresca က တန္ေဆာင္တိုင္လျပည့္ေန႔မွာ ေလွ်ာက္လည္ၾကတဲ့ ျမန္မာေတြရဲ႕ စည္းကမ္းမဲ့အမႈိက္ေတြကို လိုက္ေကာက္ခဲ့ရေၾကာင္း “တန္ေဆာင္တိုင္လျပည့္ေန႔ပီးေတာ့ လူေတြက အမႈိက္ေတြကို ပီးစလြယ္ေနရာအႏွံ စြန႔္ပစ္သြားၾကတယ္။ ကြၽန္ေတာ္ အမႈိက္ေကာက္ဖို႔မတိုက္တြန္းလိုပါဘူး။ ဒါေပမဲ့ ေနာက္တစ္ခါက်ရင္ေတာ့ အမႈိက္ေတြကို ေသခ်ာစနစ္တကိအမႈိက္ပုံးေတြ ထဲစႊန႔္ပစ္ၾကဖို႔ေမတၱာ ရပ္ခံပါတယ္ခင္ဗ်ာ။ သဘာဝတရားႀကီးကို ေလးစားပါ။ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ!” ဆိုၿပီး အမႈိက္ေတြကို စည္းကမ္းတက်ပစ္ဖို႔ တိုက္တြန္းထားပါတယ္။
Sinon Loresca ကေတာ့ လူမ်ိဳးျခားတစ္ေယာက္ျဖစ္ေပမယ့္ လမ္းေပၚမွာ အျမင္မေတာ္ျဖစ္ေနတဲ့ အမႈိက္ေတြကို လိုက္ေကာက္ၿပီး သန႔္ရွင္းေစခဲ့တာပဲ ျဖစ္ပါတယ္။ ကိုယ့္လူမ်ိဳးမဟုတ္တဲ့ ႏိုင္ငံျခားသားတစ္ေယာက္က ဒီလိုမ်ိဳးလိုက္လုပ္ေပးေနတယ္ဆိုတာ တကယ့္ကို ရွက္စရာေကာင္းတဲ့ ကိစၥမို႔ စည္းကမ္းရွိၾကဖို႔ တိုက္တြန္းပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Sinon Loresca ‘s fb