တန်ဖိုးထားတတ်တဲ့ မောင့်ကြောင့် ကျမ တန်ဖိုးရှိအောင် နေပါတယ်လို့ဆိုလိုက်တဲ့ ဘေဘီမောင်

Posted on

ညှို့အားပြင်းလွန်းလှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဘေဘီမောင်ကတော့ မော်ဒယ်တစ်ဦးအနေနဲ့ရော၊ သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ မိန်းကလေးပရိသတ်တွေရဲ့အားကျခြင်းကို ခံထားရသူလေးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ဘေဘီမောင်က မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ နန်းဆန်နေတဲ့ ပုံလှလှလေးတွေကို ထုတ်ပြလိုက်တာ တွေ့ရပါတယ်။ လုံလုံခြုံခြုံလေးနဲ့ မြင်ရသူတွေကို မျက်စိအေးစေတဲ့ ဘေဘီမောင်ရဲ့မြန်မာဆန်ဆန် ပုံလေးတွေကတော့ အရမ်ကို လှနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် မြန်မာဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ ဘေဘီမောင်ရဲ့အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဘေဘီမောင်ကတော့ “နန်းဆန်တယ်ဆိုတာဒါမျိုးလားမောင်❤️ တန်ဖိုးထားတတ်တဲ့မောင့်ကြောင့် ကျမတန်ဖိုးရှိအောင်နေပါတယ်လို့☺️❣️” ဆိုပြီး သူမရဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

တကယ့်ကို မြန်မာဆန်တဲ့ လုံးကြီးပေါက်လှ အလှတရားပိုင်ရှင်လေးပါပဲ ဘေဘီရယ်…

သူမကို အသေးစိတ်ကအစ ဂရုစိုက်တတ်တဲ့ အဆိုတော် ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ ချစ်သူသားဂန်းရေးပေးတဲ့ သီချင်းလေးကိုလည်း သီဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကြောင့် မမဘေဘီမောင်ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီးတော့ကို လှလာတာပါ။ ချစ်ပရိသတ်တွေလည်း မြန်မာဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ ဘေဘီမောင်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Baby Maung’s Facebook
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.