တတုံးတခဲကြီးနဲ့ ချစ်ဖို့ကောင်းနေတဲ့ အသစ်စက်စက် တူမချောလေးနဲ့ ပထမဦးဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ တီလေး စိုးပြည့်သဇင်

Posted on

ဇူလိုင်လ (၁၄) ရက်နေ့မှာ သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တဲ့ စန္ဒီမြင့်လွင်နဲ့ အသစ်စက်စက် တူမလေး Treasure ကို စိုးပြည့်သဇင်က ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပြီး တူမချောလေးနဲ့ ပထမဦးဆုံး အကြိမ် တွေ့ဆုံရခြင်းလည်း ဖြစ်ပါတယ်။

Photo – Soe Pyae Thazin FB

Photo – Soe Pyae Thazin FB

စိုးပြည့် တစ်ယောက် တူမလေးကို ကြည့်ပြီး လက်ပေါ်ကနေတောင် မချဖြစ်နေပြီး အသည်းယားကာ ချစ်မ၀ဖြစ်နေခဲ့ပါတယ်။ အဘွားနဲ့ တီတီများကလည်း တူမလေးကို ၀န်းချစ်နေကြပြီး မိသားစုဝင် အသစ်လေး ရတဲ့အတွက် ပျော်ရွှင်ပီတိဖြစ်နေကြတာ ဖြစ်ပါတယ်။

Photo – Soe Pyae Thazin FB

Photo – Soe Pyae Thazin FB

စိုးပြည့်က တူမလေးနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံဖြစ်ခဲ့တဲ့ ပုံရိပ်လေးများကို အမှတ်တရအဖြစ် သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ဖော်ပြခဲ့ပါတယ်။

“တူမချောလေးနဲ့ပထမဦးဆုံးတွေ့ဆုံခြင်း…😘😘” ဆိုပြီး ဇူလိုင်လ (၁၄) ရက်နေ့ ည (၁၀) နာရီလောက်က ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ်။

Photo – Soe Pyae Thazin FB

Photo – Soe Pyae Thazin FB

စန္ဒီမြင့်လွင်က ဇူလိုင်လ (၁၄) ရက်နေ့ နေ့လည် (၁၂) နာရီ (၄၅) မိနစ် အချိန်မှာ သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာဖြစ်ပြီး သမီးလေး Treasure က တတုံးတခဲကြီးနဲ့ ချစ်ဖို့ကောင်းလှပါတယ်။ ၆ ပေါင်နဲ့ ၇ အောင်စ ရှိတယ်လို့ သိရပြီး ချစ်စရာကောင်းတဲ့ သမီးလေးကို ကြည့်ပြီး ခင်ပွန်းသည်ကပါ ပျော်ရွှင်ဝမ်းသာနေတာ ဖြစ်ပါတယ်။ ပရိသတ်များစွာကလည်း သမီးလေးရဲ့ နှုတ်ခမ်းလေးက ဒီးဒီးနဲ့တူတယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး အားပေးစကားများ ပြောပေးခဲ့ကြပါတယ်။

Photo – Soe Pyae Thazin FB

Source – Soe Pyae Thazin FB

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.