တတိယလူတစ်ယောက်ကြောင့် Song Joong Ki နဲ့ Song Hye Kyo တို့ကွာရှင်းခဲ့ကြတာဖြစ်ကြောင်း သတင်းတွေထွက်လာ

Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ကွာရှင်းမှုနဲ့ ပတ်သက်တဲ့သတင်းတွေက တရုတ်မီဒီယာအကြားပျံ့နှံ့လျက်ရှိပါတယ်။

နာမည်ကြီး အနုပညာရှင်ဇနီးမောင်နှံဖြစ်တာနဲ့အညီ သူတို့ရဲ့ ကွာရှင်းတဲ့သတင်းက အာရှတခွင်ကို ဂယက်ရိုက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်တွေက တရုတ်ရဲ့နာမည်ကြီး သတင်းဌာနတွေဟာ Song Joong Ki မှာ နောက်ထပ်မိန်းကလေးတစ်ယောက်ရှိနေသေးကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါမိန်းကလေးကတော့ နာမည်ကြီးကိုရီးယားမင်းသမီးတစ်ဦးဖြစ်တဲ့ Kim Ok Bin ပါ။ Kim Ok Bin ဟာ လက်ရှိထုတ်လွှင့်နေတဲ့ Arthdal Chronicles ဇာတ်လမ်းတွဲမှာ Song Joong Ki နဲ့အတူတွဲဖက်သရုပ်ဆောင်နေတာပါ။

Arthdal Chronicles ဇာတ်လမ်းတွဲပိုစတာ

သူတို့နှစ်ယောက်တွဲနေကြတယ်ဆိုတဲ့သတင်းတွေအများအပြားထွက်ပေါ်ခဲ့ပေမယ့် ပရိသတ်တွေက ကောလဟလအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် QQ ကတော့ sasaeng ပရိသတ်တစ်ယောက်မှာ သူတို့နှစ်ယောက်ပတ်သက်နေကြတာကို ဖော်ပြနိုင်တဲ့ သက်သေရှိတယ်လို့ပြောပါတယ်။

Song Joong Ki နဲ့ Kim Ok Bin တို့ ဆိုးလ်ကိုသွားတဲ့ကားတစ်စီးပေါ်မှာ အတူရှိနေကြတာ၊ Itaewon မှာရှိတဲ့ Song Joong Ki ရဲ့အိမ်ကို နှစ်ယောက်တည်းသွားခဲ့ကြတာ၊ ဇာတ်ကားရိုက်ကူးနေတုန်း တစ်ခန်းတည်း အတူနေကြတာ စတဲ့သတင်းပေါင်းများစွာလဲ ထွက်လာခဲ့ပါသေးတယ်။ ခင်ပွန်းသည်ရဲ့ ဒီလိုအကျည်းတန်တဲ့ကောလဟလတွေကြောင့် Song Hye Kyo တစ်ယောက်စိတ်ဆိုးပြီး အင်စတာဂရမ်က ဓာတ်ပုံတွေကိုဖျက်ပစ်ခဲ့တာလို့ သတင်းတွေက ရေးသားဖော်ပြကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.