ဂီတလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ စိုင်းစိုင်းက ရုပ်ရှင်လောကမှာပါ နာမည်ကျော်ကြားခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ ထွက်ရှိသမျှ တေးသီချင်းများက အောင်မြင်ခဲ့သလို show ပွဲကြီးများကလည်း ပရိသတ်များ ကြိတ်ကြိတ်တိုးလှပါတယ်။
စိုင်းစိုင်းက တေးသီချင်းအသစ်များအပြင် ရုပ်ရှင်ဇာတ်ကားတစ်ကားထွက်နိုင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ “ကြာတော့သည်လည်း မောင့်စကား” ဆိုတဲ့ ဇာတ်ကားကြီး ရိုက်ကူးပြီး (၁၅) လကြာပြီးနောက် “ပိတောက်ကတဲ့ဂီတ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီဖြစ်ပါတယ်။
စိုင်းစိုင်းက “ကျနော် တစ်နှစ်မှ ရုပ်ရှင်တစ်ကားလောက် ရိုက်ဖြစ်ပါတယ် ကြာတော့သည်လည်း မောင့်စကား ပြီးတဲ့နောက် ၁၅ လ အကြာမှာ ပိတောက်ကတဲ့ ဂီတကို စတင်ရိုက်ကူးဖြစ်ပါတယ် သင်္ကြန်ကတည်းက စတင်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဝင်ခန်းတွေကို ပြင်ဦးလွင်က အိမ်ကလေးမှာ ဆက်တင်ဆင်ပြီး ဆက်လက်ရိုက်ကူးနေပါပြီ” ဆိုပြီး ပရိသတ်များကို အားပေးပေးကြဖို့လည်း ဆက်လက်ပြောခဲ့ပါတယ်။
“ပိတောက်ကတဲ့ဂီတ” မှာ စိုင်းစိုင်းနဲ့အတူ UM-1 queen မပိုးမမှီသာက ရွှေမန်းသူ ပိုးမဒီအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး ဒီရုပ်ရှင်ဟာ သူမရဲ့ ပွဲဦးထွက် ရုပ်ရှင်လည်း ဖြစ်တယ်လို့ သိရပါတယ်။ ရှုတင်ပေါ်က ပုံရိပ်များကို စိုင်းစိုင်းက လူမှုကွန်ယက်ပေါ်မှာ ချပြကတည်းက ပရိသတ်များက စိတ်ဝင်စားနေကြပြီး ဇာတ်ကားကြီး အမြန်ပြီးဆုံးဖို့ကိုလည်း စောင့်မျှော်နေကြပါတယ်။
ပရိသတ်ကြီးရော ..“ပိတောက်ကတဲ့ဂီတ” ဇာတ်ကားကို စိတ်ဝင်စားနေပြီလား။
Source : Sai Sai