တစ်ယောက်တည်းရှိတာထက် နှစ်ယောက်ရှိနေရတာက ပိုကောင်းတယ်လို့ ထုတ်ပြောလာခဲ့တဲ့ သင်​ဇာဝင့်ကျော်

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ ထူးချွန်တဲ့ အနုပညာ ပါရမီရှိသူလေးမို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သင်ဇာလေးက မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်နဲ့ရိုက်ကူးထားတဲ့ အမိုက်စားပုံရိပ်တွေနဲ့အတူ “တစ်ယောက်တည်းထက် နှစ်ယောက်ရှိနေတာက ပိုကောင်းတယ်” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ လိုက်ဖက်ညီလွန်းလှတဲ့ သင်ဇာနဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို ကြည့်လို့ မိုက်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို လိုက်ဖက်ညီလွန်းတဲ့ သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့ရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ “???? Two is better than one ????””????တစ်ယောက်တည်းထက် နှစ်ယောက်ရှိနေတာက ပိုကောင်းတယ်????” ဆိုပြီး သူမနဲ့ မင်းသားချောလေး ပိုင်တံခွန်တို့ရဲ့အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

လတ်တလောမှာ အနုပညာ အလုပ်တွေကို အတူတွဲလုပ်ဖြစ်နေတဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့နှစ်ဦးကတော့ တလောကလည်း Canal + ရဲ့Fan Meeting ပွဲတွေအတွက် ခရီးတွေအတူထွက်ခဲ့ကြပါသေးတယ်နော်။

ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့နှစ်ဦး အတူရိုက်ကူးထားတဲ့ “သူ ဘယ်သူလဲ” ဇာတ်ကားကလည်း မကြာခင်မှာ ပရိသတ်တွေစိတ်ဝင်တစားနဲ့ ကြည့်ရှုကြရတော့မှာပါ။ သင်ဇာလေးကတော့ လက်ရှိမှာ Single တစ်ဦးအနေနဲ့ ပရိသတ်တွေကိုပဲ အပြည့်အဝအာရုံစိုက်ဖြစ်နေတာပါ။

ချစ်ပရိသတ်တွေလည်း အရမ်းကို လိုက်ဖက်ညီပြီး ကြည့်ကောင်းလွန်းနေတဲ့ ပိုင်​တံခွန်​နဲ့ သင်ဇာလေးတို့ရဲ့ ပုံရိပ်တွေကိုသ​​ဘောကျရင်​ အချင်းချင်း ​ဝေမျှသွားကြပါဦး​နော်​။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.