တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ “ကိုကိုစိတ်ကူးယဉ်” ဆိုတဲ့ သီချင်းလေးကို အတူတူ ပုံဖော်ခဲ့ကြတဲ့ ဝေလာရီနဲ့ ဘုန်းမင်းနေလ

Posted on

တက်သစ်စ အနုပညာရှင်လေးတွေဖြစ်ကြတဲ့ ဝေလာရီနဲ့ ဘုန်းမင်းနေလတို့က အနုပညာမျိုးရိုးကိုယ်စီရှိပြီး အောင်မြင်တဲ့ အနုပညာလမ်းမမှာ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ဝေလာရီကတော့ အဆိုတော် လိမ္မော်သီးရဲ့ ညီမအငယ်ဆုံးလေးဖြစ်ပြီး ဘုန်းမင်းနေလကတော့ အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့ သားပဲ ဖြစ်ပါတယ်။ ဝေလာရီနဲ့ ဘုန်းမင်းနေလကတော့ မိသားစုတွေရဲ့ ကူညီဖေးမမှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဝေလာရီနဲ့ ဘုန်းမင်းနေလတို့က “ကိုကိုစိတ်ကူးယဉ်” ဆိုတဲ့ သီချင်းလေးမှာ အတူတူ ပုံဖော်ခဲ့တာကို တွေ့ရပါတယ်။ “ကိုကိုစိတ်ကူးယဉ်” သီချင်းလေးကို ဝေလာရီက ပြန်လည်ခံစားသီဆိုခဲ့ပြီး သီချင်း MV လေးမှာတော့ ဝေလာရီနဲ့ ဘုန်းမင်းနေလတို့က အတူတူ သရုပ်ဆောင်ခဲ့ကြတာကို ပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

ဝေလာရီသီဆိုထားတဲ့ “ကိုကိုစိတ်ကူးယဉ်” သီချင်းလေးက ဝေလာရီရဲ့ အသံလေးနဲ့ အရမ်းလိုက်ဖက်မှုရှိသလို ဝေလာရီနဲ့ ဘုန်းမင်းတို့ရဲ့ သရုပ်ဆောင်ချက်တွေကလည်း သီချင်းလေးနဲ့ ထပ်တူကျတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဝေလာရီ သီဆိုထားတဲ့ “ကိုကိုစိတ်ကူးယဉ်” သီချင်းလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: V7Entertainment’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.