“တစ်ကျော့ နှစ်ကျော့ တေးကိုသီ” သီချင်းနဲ့ ကြက်သီးမွှေးညှင်းတွေထစေတဲ့အထိ သီဆို ဖျော်ဖြေနိုင်ခဲ့ပေမယ့် Winner ဆုနဲ့ လွဲချော်ခဲ့ရတဲ့ Hazel

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ The Voice Myanmar Season (2) ပြိုင်ပွဲကြီးရဲ့ Final Show ကြီးကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

Top (4) လေးယောက်ဖြစ်တဲ့ Hazel, Novem Htoo, Paul Austin နဲ့ Melody Khong တို့ကတော့ သူတို့ရဲ့ အစွမ်းအစတွေကို အကုန်ထုတ်သုံးပြီး ယှဉ်ပြိုင်သွားတာကို တွေ့ရပါတယ်။ ပရိသတ်တွေလည်း သူတို့လေးယောက်စလုံးရဲ့ သီဆိုယှဉ်ပြိုင်မှုကို အားရ ကျေနပ်ကြမယ် ထင်ပါတယ်။

 

 

နီနီခင်ဇော်ရဲ့ Team NiNi မှ Hazel ကလည်း Final Show အတွက် တော်တော်လေး ပြင်ဆင်ထားတဲ့ ပုံပါပဲ။ Hazel ရဲ့ Final Show မှာ ပါဝင်ယှဉ်ပြိုင်မှုမှာ ပရိသတ်တွေရော ဒိုင်တွေကိုပါ ကြက်သီးမွှေးညှင်းတွေ ထသွားစေခဲ့ပါတယ်။

 

 

Hazel က ဂီတလုလင် မောင်ကိုကို ရေးသားသီကုံးထားပြီး တေးသံရှင် တင်တင်မြနဲ့ သဲနုဝါတို့ သီဆိုထားတဲ့ “တစ်ကျော့ နှစ်ကျော့ တေးကိုသီ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Hazel နဲ့ နီနီတို့က ထိုသီချင်းအတွက် Music Arrangement ပိုင်းမှာ တော်တော်လေး အားစိုက်ထားတာကို တွေ့ရပါတယ်။

တစ်ကျော့နှစ်ကျော့ တေးကိုသီ – Hazel

 

 

 

Hazel ကတော့ မြန်မာ့ရှေးသီချင်းကြီးနဲ့ Final Show မှာ ရဲရဲဝံ့ဝံ့သီဆို ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Hazel ကတော့ ကံမကောင်းစွာနဲ့ပဲ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပါတယ်။ Hazel က အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဦးမှာမို့ ဆက်ပြီး အားပေးကြပါဦးနော်။

Source: The Voice Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.