တစ္အိမ္လုံး ဘယ္ေနရာကိုၾကည့္ၾကည့္ ခ်စ္ဇနီးေလးမ်က္ႏွာကို အၿမဲျမင္ေတြ႕ခြင့္ရႏိုင္ဖို႔ အေသးစိတ္ေသခ်ာဖန္တီးထားတဲ့ ေ႐ႊထူး

Posted on

အဆိုေတာ္တစ္ေယာက္လည္းျဖစ္သလို ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ရပ္တည္ေနၿပီျဖစ္တဲ့ ေ႐ႊထူးကေတာ့ အႏုပညာမွာ သူမတူေအာင္ ထူးခြၽန္ထက္ျမက္တာမို႔ တစ္ႏိုင္ငံလုံးက ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ခံယူထားသူပါ။ အႏုပညာမွာလည္း အတိုင္းထက္အလြန္ေအာင္ျမင္မႈေတြရရွိေနတဲ့ ေ႐ႊထူးက အိမ္ေထာင္ေရးနဲ႔ ပက္သတ္ရင္လည္း ျမင္သူတိုင္း အားက်ရေလာက္တဲ့ ၾကည္ႏူးစရာ အိမ္ေထာင္သည္ဘဝကို ျဖတ္သန္းေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေ႐ႊထူးကေတာ့ တစ္ႏိုင္ငံလုံးကခ်စ္တဲ့ မင္းသမီးေခ်ာေလး ေ႐ႊမႈံရတီနဲ႔ လက္ထပ္ခဲ့ၿပီး အခုဆိုရင္ အိမ္ေထာင္သက္တမ္း (၂) ႏွစ္ေက်ာ္ေတာင္ရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။

ေ႐ႊထူးကေတာ့ ေ႐ႊမႈံရတီထက္ အသက္ႀကီးသူပီပီ ေ႐ႊမႈံရတီကို ကေလးေလးတစ္ေယာက္လိုခ်စ္ၿပီး အရိပ္တၾကည့္ၾကည့္ခ်စ္သူ ျဖစ္တာ ပရိသတ္ႀကီးသိၿပီးသားျဖစ္မွာပါ။ ေ႐ႊထူးကေတာ့ ေ႐ႊမႈံရတီကို သူ႔ရဲ႕မ်က္စိေရွ႕မွာလည္း အၿမဲျမင္ေတြ႕ေနရသလို အိမ္ရဲ႕ ေနရာတိုင္းမွာလည္း ေ႐ႊမႈံရတီရဲ႕ ဓာတ္ပုံေလးေတြကို ခ်ိတ္ဆြဲၿပီး ကြန္ျပဴတာ Screen နဲ႔ ဖုန္း Screen ေတြမွာလည္း ခ်စ္ဇနီးဓာတ္ပုံကိုထားကာ တစ္အိမ္လုံး ဘယ္ေနရာကိုၾကည့္ၾကည့္ ခ်စ္ဇနီးေလးမ်က္ႏွာကို အၿမဲျမင္ေတြ႕ခြင့္ရႏိုင္ဖို႔ အေသးစိတ္ေသခ်ာဖန္တီးထားတာကို ေတြ႕ရပါတယ္။

ေ႐ႊထူးကေတာ့ သူ႔ရဲ႕ ႏွလုံးသားတစ္ခုလုံးနဲ႔ ရင္းၿပီးခ်စ္ရတဲ့ ေ႐ႊမႈံရတီကို အရမ္းခ်စ္သလို ေ႐ႊမႈံရတီကလည္း ေ႐ႊထူးအေပၚကို အသက္ထက္မက ျမတ္ႏိုးတာ ပရိသတ္ေတြအတြက္ေတာ့ အားက်စရာအတိပါပဲ။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ သက္ဆုံးတိုင္ထာဝရ အခုလိုခ်စ္သြားႏိုင္ၿပီး သားသား၊ မီးမီးေတြအမ်ားႀကီးနဲ႔လည္း ေပ်ာ္႐ႊင္ဖြယ္မိသားစုဘဝေလးကို ပိုင္ဆိုင္ႏိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant’s fb

Unicode

အဆိုတော်တစ်ယောက်လည်းဖြစ်သလို နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေပြီဖြစ်တဲ့ ရွှေထူးကတော့ အနုပညာမှာ သူမတူအောင် ထူးချွန်ထက်မြက်တာမို့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ခံယူထားသူပါ။ အနုပညာမှာလည်း အတိုင်းထက်အလွန်အောင်မြင်မှုတွေရရှိနေတဲ့ ရွှေထူးက အိမ်ထောင်ရေးနဲ့ ပက်သတ်ရင်လည်း မြင်သူတိုင်း အားကျရလောက်တဲ့ ကြည်နူးစရာ အိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ တစ်နိုင်ငံလုံးကချစ်တဲ့ မင်းသမီးချောလေး ရွှေမှုံရတီနဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၂) နှစ်ကျော်တောင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ ရွှေမှုံရတီထက် အသက်ကြီးသူပီပီ ရွှေမှုံရတီကို ကလေးလေးတစ်ယောက်လိုချစ်ပြီး အရိပ်တကြည့်ကြည့်ချစ်သူ ဖြစ်တာ ပရိသတ်ကြီးသိပြီးသားဖြစ်မှာပါ။ ရွှေထူးကတော့ ရွှေမှုံရတီကို သူ့ရဲ့မျက်စိရှေ့မှာလည်း အမြဲမြင်တွေ့နေရသလို အိမ်ရဲ့ နေရာတိုင်းမှာလည်း ရွှေမှုံရတီရဲ့ ဓာတ်ပုံလေးတွေကို ချိတ်ဆွဲပြီး ကွန်ပြူတာ Screen နဲ့ ဖုန်း Screen တွေမှာလည်း ချစ်ဇနီးဓာတ်ပုံကိုထားကာ တစ်အိမ်လုံး ဘယ်နေရာကိုကြည့်ကြည့် ချစ်ဇနီးလေးမျက်နှာကို အမြဲမြင်တွေ့ခွင့်ရနိုင်ဖို့ အသေးစိတ်သေချာဖန်တီးထားတာကို တွေ့ရပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးချစ်ရတဲ့ ရွှေမှုံရတီကို အရမ်းချစ်သလို ရွှေမှုံရတီကလည်း ရွှေထူးအပေါ်ကို အသက်ထက်မက မြတ်နိုးတာ ပရိသတ်တွေအတွက်တော့ အားကျစရာအတိပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ သက်ဆုံးတိုင်ထာဝရ အခုလိုချစ်သွားနိုင်ပြီး သားသား၊ မီးမီးတွေအများကြီးနဲ့လည်း ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connection ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.