တစ်ရက်ကြီး တစ်ရက်ငယ် လွင်ထက် နဲ့ မြတ်သူ တို့ သူငယ်ချင်းလေးနှစ်ယောက်

Posted on

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တွေရဲ့ ကလေးလေးတွေထဲမှာ လူအများရဲ့စိတ်ဝင်စားမှုကိုခံရပြီး မွေးကတည်းက ပရိသတ်အခိုင်အမာရရှိထားတဲ့ မျိုးဆက်သစ်လေးတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ လွင်ထက်ကတော့ သရုပ်ဆောင် လွင်မိုးရဲ့ မြေး၊ မော်ဒယ်သရုပ်ဆောင် ယွန်းဝတီလွင်မိုး နဲ့ ထက်ဦးလှိုင် တို့ရဲ့ သားဦးလေးဖြစ်ပြီး သူ့ကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၆)ရက်နေ့က သြစတေးလျနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

လွင်ထက်လေးကတော့ အဖေအမေထက် အဖိုးအဖွားတွေနဲ့ နေရတာ ပိုများပြီး ချစ်စရာကောင်းတဲ့ ကလေးလေးပါ။ သူ့ကို တွေ့လိုက်ရင် ပရိသတ်တွေက အရမ်းချစ်ကြတာကြောင့် မိဘတွေကလဲပျော်ရွှင်ရပါတယ်။ သားလေးကတော့ လာမယ့် သြဂုတ်လ(၆)ရက်နေ့မှာဆိုရင် အသက် (၁)နှစ်ပြည့်တော့မှာလဲ ဖြစ်ပါတယ်။ လွင်ထက်လေး ထက် တစ်ရက်ငယ်တဲ့ သားသားလေးကတော့ နိုင်ငံကျော်အနုပညာရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မြင့်မြတ် နဲ့ ခင်သူအောင် တို့ရဲ့ သားဦးလေး မြတ်သူ ဘဲဖြစ်ပါတယ်။

သူလေးကိုလဲ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေများသလို အဖေဖြစ်သူမြင့်မြတ်ကိုယ်တိုင်ကလဲ အသည်းတုန်နေအောင် ချစ်နေတာလဲ ဖြစ်ပါတယ်။ ရိုက်ကူးရေးတွေရှိလို့ နယ်ထွက်ရရင်တောင် သားလေးကိုလွမ်းတယ်ဆိုပြီး သားလေးကိုပါ ရိုက်ကူးတဲ့နေရာတွေကိုခေါ်သွားလေ့ရှိပါတယ်။ အဲ့လိုရိုက်ကွင်းတွေမှာ ခေါ်သွားလေ့ရှိတာကြောင့် အနုပညာရှင်များစွာရဲ့ ချစ်ခြင်းမေတ္တာတွေကိုလဲ ရရှိထားသူလေးဖြစ်ပြီး ဂျူနီယာ မြင့်မြတ်လေးဆိုပြီးလဲ နာမည်ကြီးလာပါတယ်။ သားလေး မြတ်သူကတော့ ၂၀၁၈ ခုနှစ် သြဂုတ်လ(၇)ရက်နေ့ ရန်ကုန်မှာဘဲ မွေးဖွားခဲ့တာဖြစ်ပြီး အဖေဖြစ်သူရဲ့ မွေးနေ့ နဲ့ တရက်ထဲမွေးဖွားခဲ့တာဖြစ်ပါတယ်။

သားလေးနှစ်ယောက်က တစ်ယောက်တစ်မျိုးစီ အရမ်းချစ်စရာကောင်းနေပြီး သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှု ဗီဒီယိုလေးတွေကို ပရိသတ်တွေ ကြည့်ရှု့နိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အားလုံးသော ပရိသတ်ကြီးက ချစ်တယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။ ဖတ်ရှု့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

လွင်ထက် နဲ့ မြတ်သူ တို့ရဲ့ လှုပ်ရှားမှုလေးတွေ

May Phyo(MML)
Source – ယွန်းဝတီလွင်မိုး၊ ဂျူနီယာမြင့်မြတ်
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.