တစ်မျိုးလုံး အချောအလှလေးတွေဖြစ်ကြောင်း မောင်နှမတွေနဲ့ ပုံလေးကိုထုတ်ပြပြီး သက်သေပြလာတဲ့ မေတိုးခိုင်

Posted on

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေတိုးခိုင်ကတော့ သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မေတိုးခိုင်က အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမအဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ နာမည်တစ်လုံးနဲ့ အခိုင်အမာရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်လိုပဲ မေတိုးခိုင်ကိုလည်း ချစ်ခင်အားပေးကြပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအားလုံးကိုလည်း စိတ်ဝင်စားစွာ စောင့်ကြည့်ပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မေတိုးခိုင်ကတော့ သူမတို့ မောင်နှမတွေရဲ့ ချစ်စရာပုံရိပ်လေးကို ချပြလာပါတယ်။ မေတိုးခိုင်နဲ့အတူတူ အိန္ဒြာကျော်ဇင်ရဲ့ သားနဲ့သမီးဖြစ်တဲ့ ပြေသုဒြာနဲ့ ပြေဓီရတို့လည်း ပါဝင်ကြပြီး မေတိုးခိုင်တို့ တစ်မိသားစုလုံးက မျိုးနဲ့ ရိုးနဲ့ ချောမောကြတယ်ဆိုတာကိုတော့ ပရိသတ်ကြီးအနေနဲ့ မပြောလည်း သိပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။

မေတိုးခိုင်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေထက် မိသားစုတွေနဲ့သာ အချိန်ကုန်ဆုံးနေလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း မေတိုးခိုင်တို့ မောင်နှမတွေရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May Toe Khine’s fb
zawgyi




joez

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.