တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ တီဗီအစီအစဉ်ကနေ တိုက်ရိုက်ထိတွေ့နိုင်မယ့် အစီအစဉ်လေးမှာပါဝင်မယ့်အကြောင်း သတင်းကောင်းပါးလာတဲ့ နေတိုး

Posted on

အကယ်ဒမီ သုံးဆုပိုင်ရှင် မင်းသားချော နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တသွေမတိမ်း တစ်ထပ်တည်း သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ နေတိုးက အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတာ နှစ် (၂၀) ကျော်တိုင်ရှိပြီးဖြစ်ပြီး ဒီနေ့ဒီအချိန်ထိတိုင် လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေတိုးက သူ့ရဲ့ ရိုက်ကူးလက်စ ရုပ်ရှင်ဇာတ်ကားတွေကို ရပ်နားထားတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ နေတိုးက တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ တီဗီအစီအစဉ်မှာ တိုက်ရိုက်စကားတွေပြောမယ့်အစီအစဉ်လေးကိုအခုလိုပဲပြောလာပါတယ်။

“အားလုံးပဲမင်္ဂလာပါခင်ဗျာ🙂 ကျွန်တော့်ပရိတ်သတ်ကြီးထဲမှာ MRTV 4 ရဲ့ခေတ်သစ်ပျိုမေ အစီအစဉ်ကို အမြဲအားပေးကြတဲ့သူတွေရှိကြလား??? လာမယ့် တနင်္လာနေ့ (၆.၇.၂၀၂၀) မှာ တိုက်ရိုက်ထုတ်လွှင့်မယ့် ခေတ်သစ်ပျိုမေအစီအစဉ်မှာ ကျွန်တော်ရှိနေမယ်ဆိုရင်ရော ချစ်ပရိတ်သတ်ကြီးတို့က စောင့်မျှော်အားပေးကြမှာလားခင်ဗျ။ ဒါဆို အားလုံးနဲ့ လာမယ့် Monday (၁၀:၁၅) MRTV 4 မှာဆုံချင်ပါတယ်ခင်ဗျ။ ပရိတ်သတ်ကြီး အားလုံးလဲ ကောင်းသောနေ့လေးဖြစ်ပါစေ….🙂 💙” ဆိုပြီး ပြောလာပါတယ်။

နေတိုးကတော့ MRTV 4 ရုပ်သံလိုင်းမှာ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့မယ့် ခေတ်သစ်ပျိုမေအစီအစဉ်လေးမှာ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း တနင်္လာနေ့ မနက် (၁၀:၁၅) ကို တီဗီရှေ့မှာ ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။

Source: Nay Toe’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.